TV Schedule
၂၀၂၂၊ မေလ၄ရက်၊ဗုဒ္ဓဟူးနေ့ မနက် VOA အစီအစဉ်
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဆက်လက်ကြိုးပမ်းသွားဖို့ ကုလသမဂ္ဂက ကတိပြုလိုက်ပါတယ်။ ဖိနှိပ်မှုတွေအကြားက သတင်းမှန်တွေဖေါ်ပြနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေတဲ့ သတင်းသမားတွေကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ချီးကျူးလိုက်ပါတယ်။ ယူကရိန်း စစ်ပွဲရပ်ဖို့ သမ္မတပူတင်နဲ့ဆွေးနွေးလိုတယ်လို့ ပုပ်ရဟန်းမင်းကြီးက တောင်းဆိုလိုက်ပါတယ်။ မေလ ၃ ရက်နေ့ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်ဆိုင်ရာ ဆောင်းပါးနဲ့အတူ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ ကမ္ဘာတလွှားခရီးသွား၊ အင်္ဂါစကားဝိုင်း စတဲ့အစီအစဉ်တွေကိုလည်း နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၀၄-၂၀၂၂)
ရုရှား ရေနံစိမ်း တင်သွင်းမှု ကို ၆ လအတွင်း ရပ်ပြီး ရေနံထွက် ပစ္စည်းအားလုံး တင်သွင်းမှု ကို တနှစ်အတွင်း မှာ ရပ်ပစ်ဖို့ အစီအစဉ်တွေကို ဥရောပ ကော်မရှင် ဥက္ကဌ ချပြ၊ အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ဝန်ဖျက်ချခွင့် ပြန်ပြင်ဆင်တော့မယ်ဆိုတဲ့ တရားရုံးချုပ် တရားသူကြီးတွေရဲ့ သဘောထား မူကြမ်း ပေါက်ကြားပြီးတဲ့နောက် တိုင်းပြည်နေရာအနှံ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်၊ အမေရိကန် သမ္မတ Joe Biden ဟာ ယူကရိန်းမှာ တင့်ကားဖျက်မစ်ဆိုင်းအရေးပါမှုနဲ့ တောင်းထားတဲ့ ထပ်ဆောင်းအကူအညီ အားဖြည့်ဖို့ပြော
ဗွီအိုအေရေဒီယိုညပိုင်း မေ၄၊၂၀၂၂
မြန်မာလူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံညှိုနှိုင်းဆွေးနွေးပွဲ ကုလအထူးကိုယ်စားလှယ်ကြိုဆို၊ မြန်မာနိုင်ငံတွင်း မြေမြုပ်မိုင်းတွေကြောင့် ဒေသခံထိခိုက်ဒဏ်ရာရမှုတိုးလာ၊ မြန်မာလူသားချင်းစာနာမှု မြန်မာအကျဉ်းထောင်တွင်း ညှင်းပမ်းနှိပ်စက်မှုများရှိနေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။