TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ၄၊၂၀၂၃)
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ၄၊၂၀၂၃) ဂါဇာတောင်ပိုင်း ပါလက်စတိုင်းတွေစွန့်ခွာနေရာပြောင်းဖို့ အစ္စရေးအမိန့်ထုတ်၊ နယ်စပ်တလျှောက်မြန်မာစစ်ပြေးဒုက္ခသည်တွေ လက်ခံဖို့ ထိုင်းအဆင်သင့်ရှိ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေး၊ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှ ပေးစာများ၊ ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ ( ဒီဇင်ဘာ ၄ ၊ ၂၀၁၃ )
ဂါဇာကမ်းမြှောင် Khan Younis မှာနေထိုင်သူတွေ အမြန်ဆုံးရွေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ် တိုက်တွန်း ... ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု၊ ထောင်ဒဏ်ချမှတ်ထားတဲ့အမှုအတွက် အထူးအယူခံကို ကြားနာ ... (ကရင်နီ) ကယားပြည်နယ်အတွင်း လက်နက်ကိုင်လှုပ်ရှားမှုတွေ ပြင်းထန်နေချိန်မှာ ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ် ...
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၄၊ ၂၀၂၃)
ဂါဇာဒေသ စစ်ဆင်ရေးနယ်မြေက အရပ်သားတွေ တိမ်းရှောင်ဖို့ အစ္စရေးသတိပေး၊ တရုတ်နယ်စပ် မူဆယ်မြို့အနီး တိုက်ပွဲပြင်းထန်၊ မုန်းမြို့နယ် တပ်စခန်းတွေ သိမ်းပိုက်နိုင်ကြောင်း KNU ကြေညာ စတာတွေအပြင် သတင်းထောက်မှတ်စု၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။