TV Schedule
ဇန်နဝါရီ ၄၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းအပေါ် ရုရှားလေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်၊ မြန်မာ့အရေး ဆက်လက်အားပေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး လွတ်လပ်ရေးနေ့ အမှာစကားပါး၊ စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၄၊ ၂၀၂၃)
လွတ်လပ်ရေးနေ့အထိမ်းအမှတ်နဲ့ လူမှုရေးထောက်ထားချက်အရဆိုပြီး အကျဉ်းသား ၇၀၀၀ ကျော်ကို စည်းမျဉ်းသတ်မှတ်ထားပြီး မြန်မာစစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။မြန်မာနိုင်ငံမှာ ဒီနှစ်ကုန် ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တည်ဆောက်ရေးကြိုးပမ်းချက်တွေကို ထောက်ခံဖို့ နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေကို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ ကျင်းပတဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ တိုက်တွန်းသွားပါတယ်။Donetsk ဒေသ က ရုရှား ထိန်းချုပ်ထားတဲ့ Makiivka မြို့ မှာ ရုရှား စစ်သား ၈၉ ယောက် ကျဆုံးခဲ့ရတာဟာ ခွင့်ပြုချက်မရဘဲ မိုဘိုင်းဖုန်းတွေသုံးခဲ့တာကြောင့် ယူကရိန်း ရဲ့ အတိုက်အခိုက် ခံခဲ့ရတာ ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ် ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၄ ၊ ၂၀၂၃
အကျဉ်းသား ၇၀၁၂ ဦး စိန်ရတုလွတ်လပ်ရေးနေ့မှာလွှတ်ပေး၊ ရခိုင်လွတ်မြောက်ရေးပါတီ စစ်ဦးချုပ်နဲ့ အရာရှိ ၂ ဦး စစ်တွေမှာ သေနတ်နဲ့ပစ်သတ်ခံရ၊ ဒီးမော့ဆိုမြို့မှာ လက်နက်ကြီးကျည်ပေါက်ကွဲပြီး အရပ်သားတဦးသေဆုံး စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ အားကစားကဏ္ဍတွေကို နားဆင်ရမှာပါ။