TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၃ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၃ ရက် ၂၀၂၄) ကုလမှာရော ထိုင်းလွှတ်တော်မှာပါ မြန်မာ့အရေး ဆွေးနွေးပြောဆိုမှု စစ်ကောင်စီ ကန့်ကွက်၊ ဂါဇာအတွက် အစားအသောက်အကူအညီ ကန်လေထီးနဲ့ချပေး၊ ထိုင်းလွှတ်တော် မြန်မာ့အရေး ပထမနေ့ ဘာတွေဆွေးနွေးတယ်ဆိုတာအပြင် .. ဒို့အသံ၊ ဒီမိုကရေစီနဲ့ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ လယ်ယာစီးပွါးနဲ့ သတင်းထဲကသုတ အပတ်စဥ်ကဏ္ဍတွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မတ် ၃၊ ၂၀၂၄)
ဂျပန်မှာ အမျိုးသမီးတွေပါဝင်တဲ့ ကိုယ်လုံးတီး ပွဲတော်၊ ရေခဲပြင်အောက် မီတာ ၁၄၀ အနက်အထိ ဘာအထောက်အကူမှမပါဘဲ အလွတ်ရေငုပ်ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန်တင်တဲ့ အမျိုးသမီး၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ ထိုင်းမှာ ကျောင်းတက်ချင်သူတွေ GenZ အစီအစဉ် ၊ အမဲလိုက်နန်းတော်နဲ့ လေဟာပြင်ဈေးသွားမဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ကိုရီးယားရောက် မြန်မာများဆုံဆည်းရာအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၃၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၃၊ ၂၀၂၄)
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၃၊ ၂၀၂၄) ဂါဇာဒေသ အပစ်ရပ်ရေး ဆွေးနွေးမှုတွေ အီဂျစ်မှာ ပြန်လည်စတင်၊ မြန်မာနိုင်ငံ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေက လွတ်မြောက်လာသူ တရုတ် ၉၀၀ ခန့် ထိုင်းကတဆင့်ပြန်ပို့ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။