TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ၂၉၊၂၀၂၃)
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ၂၉၊၂၀၂၃) ဂါဇာဒေသအတော်များများ အစ္စရေးလေကြောင်းနဲ့မြေပြင်ထိုးစစ် ပြင်းထန်ဆဲ၊ ရိုဟင်ဂျာလှေတစင်း အင်ဒိုရေတပ်မောင်းထုတ် စတဲ့သတင်း၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာနှစ်ချုပ်အစီအစဉ်၊ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းသုံးသပ်ချက်၊ကျန်းမာရေး၊တိုင်းရင်းသတင်းလွှာတို့ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ ( ဒီဇင်ဘာ ၂၉ ၊ ၂၀၂၃ )
ဂါဇာဒေသအတွက် လူသားချင်းစာနာမှုအကူအညီ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တန်း အတိုက်အခိုက်ခံခဲ့ရပါတယ်။ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နဲ့ နမ္မတူမြို့ကို ဆက်သွယ်ထားတဲ့ကားလမ်း မိုးတေချောင်းတံတား ထိခိုက်ပျက်စီးသွားပါတယ်။ အမေရိကန်စစ်တပ်ရဲ့ လျှို့ဝှက် စက်ရုပ်အာကာသယာဉ် လွှတ်တင်ခဲ့ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၃)
ဂါဇာအတွက် ရိက္ခာသယ်လာတဲ့ ကုလ ယာဉ်တန်း တိုက်ခိုက်ခံရ၊ ၂၀၂၃ မှာ ကမ္ဘာ့လူဦးရေ ၇၅ သန်းတိုး၊ ၂၀၂၄ နှစ်ဆန်းမှာ ၈ ဘီလီယံ ရှိမည်၊ နမ္မတူ-သီပေါ ကားလမ်းပေါ်က မိုးတေချောင်းတံတားပျက်ဆီး၊ ကားကြီးတွေ သွားလာလို့မရ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေအပြင် နှစ်ကုန် အထူးအစီအစဉ်တွေကိုလည်း တင်ဆက်ပေးထားပါတယ်။