သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV Schedule

၀၆:၀၀ - ၀၇:၀၀

ဗွီအိုအေ မြန်မာနံနက်ခင်း

/// ၂၀၂၁ ခုနှစ် ဇွန်လ ၂၇ - နံနက် ၆း၀၀ နာရီမှ ၇း၀၀ နာရီ /// ဗွီအိုအေရဲ့ တနင်္ဂနွေနေ့ မနက်ခင်း အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ မြန်မာ့အရေးလှုပ်ရှားမှု ၊ ကိုဗစ်တတိယလှိုင်း အန္တရာယ်ကို မြန်မာကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်တဲ့ သတင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်တဲ့ စုစည်းတင်ပြချက်ကိုလည်း နားဆင်ရပါမယ်။ သီတင်းပတ်စဉ် ကဏ္ဍမှာတော့ ဒို့အသံအစီအစဉ်နဲ့ စနေည ဆက်သွယ်မေးမြန်းခန်း အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။

၂၁:၀၀ - ၂၂:၀၀

VOAရေဒီယို ညပိုင်း၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။နောက်ဆုံးရမြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ ရန်ကုန်မြို့ မရမ်းကုန်းနဲ့အင်းစိန်မှာ ဗုံးပေါက်ကွဲမှု ၅ကြိမ်ထက်မနည်းရှိခဲ့တဲ့သတင်းကို နားဆင်ရပါမယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ NUG လူ့အခွင့်အရေးဝန်ကြီးနဲ့မေးမြန်းထားတဲ့ မြန်မာ့အရေးဆွေးနွေးခန်း၊ ဦးစည်သူအောင်မြင့်ရဲ့ သတင်းသုံးသပ်ချက်၊ မြန်မာပြည်မှ ပေးစာများနဲ့ သတင်းထဲကသုတအစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG