TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း ဇူလိုင် ၂၄၊၂၀၂၃
ဗွီအိုအေမြန်မာနံနက်ခင်း ဇူလိုင် ၂၄၊၂၀၂၃ ကမ္ဘောဒီးယားရွေးကောက်ပွဲ ဟွန်ဆန်းရဲ့ပါတီ အနိုင်ရ၊ တိုက်ပွဲရက်တာရှည်လာတဲ့သံတောင်နယ် စစ်ကောင်စီဗုံးကြဲ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ဒီမိုကရေစီရေးဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများနဲ့ ထူးခြားဆန်းပြားသတင်းများအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၂၄၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ Odesa ဆိပ်ကမ်းမြို့ကို ရုရှား လေကြောင်းကနေ ဆက်တိုက်၊ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ၊ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် နဲ့အတူ တက်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင်နဲ့ အောင်သူရဇော် တို့ကို စစ်အာဏာပိုင်တွေက ကွပ်မျက် သတ်ဖြတ်ခဲ့တာ ဒီနေ့ တနှစ်ပြည့်ပြီ ဖြစ်သလို၊ အာဏာရှင်လက်အောက် အသက်ဆုံးရှုံးခဲ့ရသူတွေ အတွက် ဝမ်းနည်း ပူဆွေးရတဲ့အကြောင်း ရန်ကုန် အမေရိကန်သံရုံး ထုတ်ပြန်
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၂၄၊ ၂၀၂၃
စပိန်ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအကျပ်အတည်း၊ ဖိလစ်ပိုင်သမ္မတလုပ်ဆောင်ချက် လူထုဆန္ဒပြ၊ စစ်ကောင်စီ ကိုဂျင်မီတို့ကို ကွက်မျက်ပြီး တနှစ်အကြာထောင်တွင်း သတ်ဖြတ်မှုုတိုး၊ ဒီထိပ်တန်းရောက် ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းတွေ၊ ကျပ်ငွေ ၂ သောင်းတန်ထုတ်မယ့်ဂယက် ရွှေနဲ့ ငွေကြေးစျေးကွက် ကမောက်ကမဖြစ်၊ ရှမ်း ကရင်နီဒေသတိုက်ပွဲ ဒေသခံထောင်ချီထွက်ပြေးနေရ၊ ဒီလို နောက်ဆုံးရ သတင်းဆောင်းပါးတွေ၊ စီးပွားရေးနဲ့ လှုမှုရှုခင်းအပါအဝင် အပတ်စဉ်ကဏ္ဍတွေကို ဇူလိုင် ၂၄ ရက်၊ ၂၀၂၃ တနင်္လာနေ့ ဗွီအိုအေမြန်မာညချမ်း အစီအစဉ်မှာ ရှုစား၊နားဆင် နိုင်ပါတယ်။