TV Schedule
ဇန်နဝါရီ ၂၄၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
ဆွီဒင် NATO အဖွဲ့ဝင်လျှောက်ထားမှု ထောက်ခံမှာမဟုတ်ဘူးလို့တူရကီပြော၊ ထိုင်းရဲဖမ်းဆီးတဲ့ အထောက်အထားမဲ့မြန်မာ ၅ ရက်အတွင်း ၅၀ ကျော်ရှိ၊ အငြင်းပွါးစရာယူကရိန်းမီဒီယာဥပဒေ၊ အာဖဂန်မှာဆေးပညာသင်ကြားနေတဲ့ ပါကစ္စတန်မိန်းကလေးတွေအရေးသတင်းဆောင်းပါးတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကိုလည်း တင်ဆက်သွားမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၄၊ ၂၀၂၃)
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ဒီနှစ်အတွင်း ကျင်းပဖြစ်မယ်ဆိုတာ တပ်အပ်မပြောနိုင်သေးဘူးလို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။ယူကရိန်းအစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေ လုပ်ဆောင်မယ်လို့ သမ္မတ Zelenskyy က ပြောဆိုအပြီး မကြာခင်မှာဘဲ အဆင့်မြင့် ယူကရိန်းအရာရှိတချို့ ရာထူးက နှုတ်ထွက်သွားကြပါတယ်။ဂျာမန်လုပ် Leopard တင့်ကားတွေ အသုံးပြုနိုင်ဖို့ ယူကရိန်း စစ်တပ် ကို စတင် လေ့ကျင့်ပေးလို့ ရပြီ လို့ ဂျာမဏီ ကာကွယ်ရေး ဝန်ကြီးက ပြောကြား ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၂၄ ၊ ၂၀၂၃
စစ်ကောင်စီ ဒီနှစ်ထဲ ရွေးကောက်ပွဲကျင်းပဖြစ်ဖို့ မသေချာ၊ RCSS ဥက္ကဋ္ဌနဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့တွေ့၊ ဘုရားသုံးဆူက စစ်ကောင်စီရုံးတွေ တိုက်ခိုက်ခံရ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍကတော့ အမေရိကန်နိုင်ငံရေးအကြောင်း၊ ဆိုရှယ်မီဒီယာပေါ်မှာလူကြည့်များတဲ့သတင်းတိုလေးတွေနဲ့ နေရာပေါင်းစုံအကြောင်းစုံတို့ နားဆင်ရမှာပါ။