TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇန်နဝါရီလ ၂၁ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇန်နဝါရီလ ၂၁ ရက် ၂၀၂၄) မလေးရှားမှာ အထောက်ထားမဲ့ မြန်မာ ၂၀၀ လောက် အဖမ်းခံရတာ၊ ယူကရိန်းကို အီးယူက လက်နက် တိုးထောက်ပံ့မယ့် သတင်းတွေအပြင် အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်ရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ လယ်ယာစီးပွား အစီစဉ်တွေ တင်ပြပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇန်နဝါရီ ၂၁၊ ၂၀၂၄)
အမေရိကန် ဇိမ်ခံ ပင်လယ်သင်္ဘော လူ တသောင်းကျော်ဆန့် ၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ ဂျပန် GenZ ၊ နောက်တော့ မလေးရှားတောင်ပေါ်မြို့ ဖန်လုံအိမ်စိုက်ခင်းမှ မြန်မာလုပ်သားများနဲ့ နေရာပေါင်းစုံ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၄ ဇန်နဝါရီ ၂၁၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၂၁၊ ၂၀၂၄)
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၂၁၊ ၂၀၂၄) အစ္စရေး၊ ဟာမတ်စ် စစ်ပွဲကြောင့် သေဆုံးသူ ပါလက်စတိုင်း ၂ သောင်းခွဲကျော်၊ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဘီးလင်းမှာ အရပ်သားတချို့ သေကျေထိခိုက် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။