TV Schedule
၂၀၂၂ မေလ(၂၀)ရက် သောကြာနေ့ မနက်ခင်း VOA
ထိပ်တန်းရောက်သတင်း - လက်နက်ချ ယူကရိန်းစစ်သား ၁၇၃၀ ရှိကြောင်း ရုရှားကြေညာ ၊ ယူကရိန်းအတွက် ဒေါ်လာဘီလီယံ ၄၀ အကူအညီပေးဖို့ ကန်လွှတ်တော်အတည်ပြု ၊ အာဖဂန်အမျိုးသမီးရုပ်သံ တင်ဆက်သူတွေ မျက်နှာဖုံးဝတ်ဖို့ တာလီဘန်တွေ အမိန့်ထုတ် ၊ စားအုန်းဆီ ပြည်ပတင်ပို့ခွင့် တားမြစ်ချက် အင်ဒိုနီးရှား ပြန်ရုပ်သိမ်းမည် ။ သတင်းဆောင်းပါ: - ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ နဲ့ AA ၂ဖက် တင်းမာ၊ ရှမ်းပြည်တောင်ပိုင်း PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ကလေးမြို့နယ်အတွင်းက ကျေးရွာတွေ မီးရှို့ ။ အပတ်စဉ်ကဏ္ဍ - ကျန်းမာရေး၊ မြန်မာအရေးသုံးသပ်ချက်၊ တိုင်းရင်းသတင်းလွှာ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၂၀-၂၀၂၂)
တောင်ကိုရီးယားနိုင်ငံကိုရောက်နေတဲ့ အမေရိကန် သမ္မတ Joe Biden ဟာ Computer chip တွေ ထုတ်လုပ်တဲ့ Samsung စက်ရုံကို သွား၊ ယူကရိန်းနိုင်ငံအတွက် စစ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၄၀ ဘီလျံပေးဖို့ အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ် ယူကရိန်းသမ္မတက ကျေးဇူးတင်၊ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရှမ်းပြည်ပြန်လည်ထောင်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့