TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဇန်နဝါရီ ၁၉၊၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဇန်နဝါရီ ၁၉၊၂၀၂၄) "သတင်းသမားများဖမ်းဆီးခံရမှု ဒုတိယအများဆုံး မြန်မာဖြစ်လာ" CPJ အစီရင်ခံစာထွက်၊ ထီးချိုင့်မြို့တိုက်ပွဲ အိမ်ခြေ ၈၀ရာခိုင်နှုန်းမီးရှို့ဖျက်ဆီးခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းသုံးသပ်ချက်၊ကျန်းမာရေး၊တိုင်းရင်းသတင်းလွှာတွေထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၁၉၊ ၂၀၂၄)
ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲအလွန် ပါလက်စတိုင်းနိုင်ငံ တည်ထောင်မယ့် အစီအစဉ်ကို အစ္စရေးဝန်ကြီးချုပ် ကန့်ကွက်၊ လေကြောင်းရန် ကာကွယ်ရေး အီရန် စစ်ရေးလေ့ကျင့်၊ မြန်မာဟာ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် သတင်းသမား အများဆုံး အဖမ်းခံထားရတဲ့ နိုင်ငံအဖြစ် CPJ အဖွဲ့ ထုတ်ပြန် စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့ အပတ်စဥ် အစီအစဥ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၄)
ဂါဇာအရေး အစ္စရေး နိုင်ငံရေးနဲ့ စစ်ဘက်ခေါင်းဆောင်တွေအကြား သဘောထားကွဲ၊ အီရန်မှာ လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်၊ ဒီပဲယင်းမှာ စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း လူ ၄ ဦးထက်မနည်း သေဆုံး၊ စစ်ကောင်စီလက်ထက် မြန်မာ့ သတင်းလွတ်လပ်ခွင့်အခြေအနေ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးထားပါတယ်။