TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း ဇူလိုင်၁၈၊၂၀၂၃
“ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာခရီး အာဆီယံရပ်တည်မှုကိုရှုပ်ထွေးစေ” ကန်သံအမတ်ကြီးဟောင်း Scot Marciel ေ၀ဖန်၊ ထားဝယ် လောင်းလုံးမှာ စစ်တပ်နယ်မြေရှင်းလင်း ဒေသခံအများအပြားတိမ်းရှောင် စတဲ့သတင်းတွေနဲ့ သတင်းထောက်မှတ်စု၊စီးပွားရေး၊လူမှုရှုခင်း၊သက်တံရောင်အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၈၊ ၂၀၂၃)
ယူကရိန်နိုင်ငံ Odesa ဒေသကို ရုရှားက ညဖက်တိုက်ခိုက်မှုအတွင်း ခရုဇ်စ်မစ်ဇိုင်းဒုံးတွေနဲ့ အီရန်လုပ် Shahed ဒရုန်းတွေကို အသုံးပြုခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။အမေရိကန် ရာသီဥတုဆိုင်ရာ အထူးသံတမန် John Kerryဟာ တရုတ် ရာသီဥတုဆိုင်ရာ အထူးသံတမန်နဲ့ ဒီကနေ့ Beijingမြို့မှာ တွေ့ဆုံပါတယ်။ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုတချို့ ပြင်ဆင်ချက် လျောက်ထားတာကို ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ ကြားနာ...စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင် ၁၈၊ ၂၀၂၃)
ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှုတချို့ ပြင်ဆင်ချက် နေပြည်တော်မှာကြားနာ၊ မြန်မာ့အရေးလှုပ်ရှားသူ မိသားစု ပျောက်ဆုံးမှု မလေးရှားရဲတပ်ဖွဲ့ စတင်စုံစမ်း စတဲ့သတင်းတွေအပြင် အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။