TV Schedule
၂၀၂၂ ဖေဖေါ်ဝါရီ ၁၈ ရက် VOA မနက်ခင်း
သောကြာနေ့မနက်ဖက် အစီအစဉ်မှာ - မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီအရေး အမေရိကန်အစိုးရကူညီဖို့ လွှတ်တော်မှာတင်သွင်းခဲ့ပါတယ်။ လောင်စာဆီဈေးတွေတက်လို့ မြန်မာပြည်မှာသယ်ယူပို့ဆောင်ရေး အခက်အခဲကြုံလာရ။ မြန်မာအလုပ်သမားတွေ ထိုင်းက ခေါ်မယ်ပြောပေမယ့် ဖမ်းဆီးမှုတွေရှိနေ ။ စတဲ့သတင်းပေးပို့ချက်တွေနဲ့ ဦးဆောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ ၊ တိုင်းရင်းသတင်းလွှာတွေကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၁၈-၂၀၂၂)
ICJ နိုင်ငံတကာတရားရုံးမှာ ခုခံချေပဖို့ မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားတဲ့အကြောင်း မြန်မာစစ်ကောင်စီပြော၊ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်ဆိုပြီး အမေရိကန် အစိုးရက တရားဝင် သတ်မှတ်ဖို့ လွှတ်တော်အမတ်တချို့က ဖိအားပေးနေပြီး ဒီကိစ္စကို ပြန်သုံးသပ်နေတဲ့အကြောင်း အမေရိကန် ထိပ်တန်း အရာရှိပြော၊ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် လူသားချင်းစာနာမှု ဆိုင်ရာ ဘေးဒုက္ခအန္တရာယ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေ ရတဲ့အကြောင်း USAID ဒုအကြီးအကဲ ပြော
ဗွီအိုအေ သောကြာ ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
ဖေဖော်ဝါရီ ၁၈ - ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် ICJ ဒုတိယအကျော့ကြားနာပွဲ တနင်္လာနေ့ စတင်မယ့်သတင်းနဲ့ အတူ မြန်မာနဲ့ နိုင်ငံတကာသတင်းများ၊ မိုးဗြဲမှာ တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီ လေကြောင်းကတိုက်နေ၊ ကိုမြအေးနဲ့ ကိုဝေမိုးနိုင်တို့ ရင်ဆိုင်နေရတဲ့အမှုများ အခြေအနေ၊ ရခိုင်မှာ ကိုဗစ်ကူးသူများလာ။ သီတင်းပတ်စဉ် - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ။