TV Schedule
၁၉:၀၀ - ၁၉:၂၉
ဗွီအိုအေ တပတ်အတွင်းသတင်း (ဒီဇင်ဘာ ၁၈၊ ၂၀၂၁)
မြန်မာစစ်ကောင်စီကို ထပ်အရေးယူဖို့ ကန်လွှတ်တော် ပြင်ဆင်၊ လေးကေ့ကော်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးရ၊ ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု မြင့်တက်၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ လူ့အခွင့်အရေးနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ်သပိတ် သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၁ ဒီဇင်ဘာ ၁၈ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ ၁၈၊၂၀၂၁
ကာကွယ်ဆေးအညီအမျှမရလို့ ကိုဗစ်ကူးစက်မှုဆက်ရှိနေဟု WHO အကြီးအကဲ ယူဆ၊ ဂျပန်-မြန်မာအသင်းထူထောင်သူ မြန်မာစစ်အာဏာသိမ်းမှုထောက်ခံ၊ တိုက်ပွဲကြောင့် ကရင်ရွာသား၂၅၀၀ခန့် ထိုင်းဖက်ခိုလှုံ စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ ထူးခြားသတင်းတွကို ထုတ်လွှင့်တင်ဆက်ပါမယ်။