TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း၊ သြဂုတ် ၁၇၊ ၂၀၂၃
စစ်ကောင်စီနယ်မြေရှင်းလင်းတဲ့ ပင်လည်ဘူးဒေသတွင်းသေဆုံးမှုတွေ၊ ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းက ကုန်သင်္ဘောစထွက်တာ၊ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ စပိန်နဲ့ အင်္ဂလန်တွေ့တော့မယ့် သတင်းတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ လူထုနဲ့ကျန်းမာရေး၊ အားကစား စတဲ့ အပတ်စဉ်ကဏ္ဍတွေကိုပါ နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဩဂုတ် ၁၇၊ ၂၀၂၃)
ရုရှားကို တန်ပြန် ထိုးစစ်ဆင်နေတဲ့ ယူကရိန်းတပ်ဖွဲ့တွေဟာ နိုင်ငံတောင်ပိုင်းမှာ အောင်မြင်မှုတွေ ပိုရနေကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်တွေက အပ်နှံထားတဲ့ ဒေါ်လာ တသန်းကျော်ထုတ်သွင်းခွင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် Sonali ဘဏ်က ပိတ်လိုက်ပါတယ်။ အမေရိကန် ဟာဝိုင်ယီပြည်နယ် Maui ကျွန်းတောမီးကြောင့် သေဆုံးသူ အနည်းဆုံး ၁၁၀ ထိရှိနေပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။