TV Schedule
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
မြန်မာ့အရေး အင်ဒိုနီးရှားနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေဆွေးနွေး၊ အမေရိကန် လေပိုင်နက်ထဲဝင်လာတဲ့ မိုးပျံပူဖောင်းကိစ္စ သမ္မတဘိုင်ဒင် တရုတ်သမ္မတနဲ့ စကားပြောမည် စတာတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃)
မြူးနစ်လုံခြုံရေး ညီလာခံ ဂျာမနီနိုင်ငံမှာ ဒီကနေ့ စတင်ကျင်းပပြီး ယူကရိန်း သမ္မတ Volodymyr Zelenskyy က ဗွီဒီယို ကတဆင့် မိန့်ခွန်းပြောဖို့ ရှိ၊ ဂျာမနီ မြူးနစ် လုံခြုံရေး ညီလာခံ ကို တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဥရောပခရီးစတင်၊ တူရကီငလျင်မှာ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ လူ ၅ သန်းကျော်ကို ကူညီဖို့အတွက် ဒေါ်လာ သန်း ၁၀၀၀ လိုအပ်တယ်လို့ ကုလသမဂ္ဂ ပြော
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၃
ဇန်နဝါရီလအတွင်း KNU ဒေသကို လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်ပြုလုပ်၊ ပုလောမြို့နယ်တွင်း စစ်ဆင်ရေး နေအိမ်တချို့မီးလောင်ဖျက်ဆီးခံရ၊ မဏိပူရပြည်နယ်တွင်း မြန်မာဒုက္ခသည်တွေ ယာယီခိုလှုံခွင့်ပြုဖို့တိုက်တွန်း စတာတွေနဲ့ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမရေိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတို့ကို နားဆင်ကြရမှာပါ။