TV Schedule
၂၀၂၁ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် VOA ရေဒီယို-ရုပ်သံ
နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ်စွဲဆိုထားတဲ့အမှုကို အာဂျင်တီးနားတရားရုံးမှာ ကြားနာ၊ ကေအန်ယူတပ်မဟာ (၆) လေးကေကော်မြို့သစ်မှာ KNU နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဆက်ဖြစ်၊စစ်ကောင်စီအတွက် ရေနံဝင်ငွေ ပိတ်ဆို့ဖို့ တက်ကြွလှုပ်ရှားသူတွေတောင်းဆို စတဲ့ သတင်းသတင်းဆောင်းပါးတွေ၊သီတင်းပတ်စဉ်ကဏ္ဍတွေမှာတော့ ဦးအောင်ခင်ရဲ့ သတင်းသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရမှာဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၁၇-၂၀၂၁)
Johnson & Johnson ကာကွယ်ဆေးထက် တခြား အတည်ပြုထားတဲ့ ကာကွယ်ဆေး နှစ်မျိုးကို ထိုးဖို့ ကျွမ်းကျင် ပညာရှင်တွေ တိုက်တွန်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး တွန်းအားပေးဖို့ ဥပဒေမူကြမ်း ပြင်ဆင်ဖြည့်စွက်ချက် အမေရိကန် အထက်လွှတ်တော် အတည်ပြု၊ ဂျပန်က စိတ်ရောဂါကု ဆးခန်းတခု မီးလောင်လို့ ၂၇ ယောက် ထက်မနည်း သေဆုံးနိုင်ဖွယ် ရှိနေ…စတဲ့ နောက်ဆုံးရ သတင်းတွေ တင်ပြထားပါတယ်။