TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၁၆-၂၀၂၂)
ယူကရိန်း၊ ဟားကိဖ်ဒေသကနေ ရုရှားတပ်တွေကို ပြန်တိုက်ထုတ်နိုင်ခဲ့တဲ့အကြောင်းနဲ့ ယူကရိန်းတပ်တွေဟာ ရုရှားနဲ့ နယ်ခြားအထိ ရောက်နေပြီလို့ ယူကရိန်းဘက်ကပြော၊ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှု ကွင်းဆက် ပြတ်တောက်တာကို ဖော်ထုတ်ဖို့ နဲ့ ရုရှား ရဲ့ သတင်းအမှား ဖြန့်ချိရေး ကို တန်ပြန် အရေးယူဖို့ အမေရိကန် နဲ့ ဥရောပသမဂ္ဂတို့ကကြေညာချက်ထုတ်ဖို့ရှိ၊ မြောက်ကိုရီးယားမှာ လူတွေအများအပြား အကြောင်းရင်းမသိတဲ့ ရောဂါနဲ့ ဖျားနာနေတဲ့ကြားမှာ သေဆုံးသူ ၅၀ လောက် ရှိ
ဗွီအိုအေရေဒီယိုညပိုင်း မေ ၁၆ ၊ ၂၀၂၂
NUG နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်က မြန်မာမိသားစုတွေနှင့်တွေ့၊ အစိုးရ၀န်ထမ်းတွေနုတ်ထွက်ဖို့ မြစ်ကြီးနား၊ တနိုင်းနဲ့ ဟူးကောင်းဒေသက KIO တိုက်တွန်း၊ ရခိုင်ပြည်နယ်မင်းပြားနဲ့အမ်းမှာ မြေမြုပ်မိုင်းကြောင့် လူ ၂ ဦးသေ၊ IIMM အဖွဲ့ ဘဂ်လားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့တွေ့ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာတို့ကိုတင်ဆက်ပေးသွားမှာပါ။