TV Schedule
ဗွီအိုအေမြန်မာပိုင်း ဗုဒ္ဓဟူးနံနက်ခင်း (မတ်လ ၁၆ ရက်)
ဗွီအိုအေမြန်မာပိုင်း ဗုဒ္ဓဟူးနံနက်ခင်း (မတ်လ ၁၆ ရက်) ရှေ့သီတင်းပတ်နေတိုး အထူးထိပ်သီးအစည်းအဝေး သမ္မတဘိုင်ဒင် တက်ရောက်မယ့် သတင်းအပါအ၀င် နောက်ဆုံးရ နိုင်ငံတကာနဲ့ မြန်မာသတင်းတွေ၊ နိုင်ငံတကာ ပြဿနာတွေကြောင့် မြန်မာ့အရေး မျက်ခြေမပြတ်ဖို့ ကုလတိုက်တွန်းလိုက်တာ၊ မြန်မာ့အရေး အမေရိကန် ထောက်ပံ့ကူညီမယ့် အစီအစဉ်မှာ အဓိက ဘယ်သူတွေကို ထောက်ပံ့ဖို့ရှိမလဲ စတာတွေနဲ့အတူ အင်္ဂါညဆွေးနွေးခန်း၊ အမေရိကန်နိုင်ငံရေးအကြောင်းသိကောင်းစရာ၊ ကမ္ဘာတလွှားခရီးသွား စတာတွေကို နားဆင်ကြည့်ရှုရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၁၆-၂၀၂၂)
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ အမေရိကန် ကွန်ဂရက်လွှတ်တော် မှာ ဗွီဒီယိုကနေတဆင့် မိန့်ခွန်းပြောဖို့ရှိ၊ မြန်မာနိုင်ငံအတွင်း စစ်တပ်က ကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျုးလွန်နေပြီး တချို့ဟာ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု ပုံစံ မြောက်တဲ့အကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက သတင်းစာရှင်းလင်းပွဲမှာ ထပ်ပြီးသတိပေး၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ NATO အဖွဲ့ ကာကွယ်ရေးဝန်ကြီးအစည်းအဝေးအတွက် ဘရပ်ဆဲလ်စ်မြို့ရောက်