TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေ ၁၅၊ ၂၀၂၂။
မလေးရှား နိုင်ငံခြားရေး ၀န်ကြီးနဲ့ NUG ၀န်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့ အရေးဆွေးနွေး၊ ဖင်လန် နိုင်ငံ NATO အဖွဲ့ထဲ မ၀င်ဖို့ ရုရှားက သတိပေး၊ အိန္ဒိယက ဂျုံ ပြည်ပ တင်ပို့မှု ပိတ်ပင် စတဲ့ ထိပ်တန်းရောက်သတင်းတွေနဲ့ အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ် အတွင်း မြန်မာနဲ့ နိုင်ငံတကာ သတင်းများ စုစည်းချက်တို့ကို နားဆင်ကြရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (မေ ၁၅ ရက်၊ ၂၀၂၂)
မိုးရာသီမှာ ကလေးများအတွက် သတိထားရမယ့် သွေးလွန်တုပ်ကွေး လူထုနဲ့ ကျန်းမာရေး၊ ဘရာဇီးလ်က အရုပ်ကလေးများ ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ မေလ ၁၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေရေဒီယိုညပိုင်း မေ ၁၅၊ ၂၀၂၂
ဗွီအိုအေရေဒီယိုညပိုင်း မေ ၁၅၊ ၂၀၂၂ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အခက်အခဲရှိနေဆဲ၊ နေတိုးအဖွဲ့ဝင်အဖြစ် ဖင်လန်လျှောက်မည်ဟု တရားဝင်ကြေညာ၊ အာဆီယံဆိုင်ရာ အမေရိကန်အထူးသံတမန် ခန့်အပ် စတာတွေနဲ့အတူ အပတ်စဉ်ကဏ္ဍမှာတော့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြား သတင်းများတို့ကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။