TV Schedule
၂ဝ၂၂ မတ်လ (၁၃) VOA မနက်ခင်းရေဒီယို
ယူကရိန်းမြို့တော် အနီးအပါအ၀င် မြို့ကြီးတွေကို ရုရှားက အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ နောက်ဆုံး အခြေအနေ၊ တရုတ်အစိုးရက မြန်မာနိုင်ငံဖက်သွားတဲ့ တရုတ်နိုင်ငံသားတွေကို သတိပေးနေတဲ့ သတင်း၊ စစ်ရေးပဋိပက္ခတွေကြောင့် တောင်သူတွေ မစိုက်မပျိုးနိုင်ဖြစ်နေရတဲ့ အခြေအနေနဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာသတင်း စတဲ့ သီတင်းပတ်စဉ် ကဏ္ဍတွေကို နားဆင်ကြည့်ရှုကြရမှာပါ။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (မတ် ၁၃၊ ၂၀၂၂)
ကျန်းမာအောင်နေထိုင်စားသောက်ပြီး ဆီးချိုကာကွယ်နည်း လူထုနဲ့ကျန်းမာရေး၊ တံတားကြီးပေါ်က ရထားဟိုတယ် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ မတ်လ ၁၃ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း မတ်၁၃၊၂၀၂၂
မြန်မာကို ကူညီဖို့ ဒေါ်လာ ၁၃၆သန်း ကန်လွှတ်တော်အတည်ပြု၊ ပိုလန်နယ်စပ် ယူကရိန်းစစ်စခန်းကို ရုရှားတိုက်ခိုက်၊ စစ်ကာလမှာ ဦးဆောင်နေသူ ယူကရိန်းသမ္မတ ဇလန်းစကီး အကြောင်း စတဲ သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှ ပေးစာများ၊ သတင်းထဲက သုတနဲ့ ထူးခြားဆန်းပြားသတင်းတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။