TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၁ ရက် ၂၀၂၃)
အမေရိကန် သမ္မတ ဘရာဇီးလ် သမ္မတသစ်နဲ့ တွေ့ဆုံတာ၊ မလေးရှားမှာ နေထိုင်ခွင့်ပါမစ်လျှောက်သူတွေ သတိရှိဖို့ တိုက်တွန်းတာ၊ မြန်မာ့အရေး အရှေ့တောင်အာရှ သုတေသီတွေရဲ့ အမြင်တွေ နဲ့ အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃
မြန်မာစစ်ကောင်စီအပေါ် ကန်အရေးယူမှု သက်တမ်းတိုး၊ မြန်မာ့ဒီမိုကရေစီအရေးအတွက်လည်း ထပ်တိုးထောက်ပံ့၊ အမေရိကန် Chevron စွမ်းအင်ကုမ္ပဏီက ရတနာဓာတ်ငွေ့လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေ ရောင်းချ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းများနဲ့ ကြက်သွန်ဈေးကျ၊ ဆန်ဈေးတက် ဒီလို လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ ကယားပြည်နယ်မှာ အထူးဆိုးရွားနေတဲ့ လူ့အခွင့်အရေးအခြေအနေ မေးမြန်းခန်းတို့ကို ၂၀၂၃ ဖေဖော်ဝါရီ ၁၁ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃)
အမေရိကန် ဒုသမ္မတဟောင်း Pence နေအိမ်ကို FBI ရှာဖွေ၊ ထောက်လှမ်းရေး မိုးပျံပူဖောင်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်ကုမ္ပဏီတချို့ကို အမေရိကန်အရေးယူ စတဲ့ ထိပ်တန်းရောက် သတင်းတွေနဲ့အတူ လုံခြုံရေးနဲ့ စားဝတ်နေရေးကြောင့် ပြည်ပထွက် အလုပ်လုပ်နေသူတွေ အကြောင်း ဒို့အသံ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွား သတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ပြထားပါတယ်။