TV Schedule
၁၉:၀၀ - ၁၉:၃၀
ဗွီအိုအေ တပတ်အတွင်းသတင်း၊ အောက်တိုဘာ ၁ ရက်၊ ၂၀၂၂
ကုလလူ့အခွင့်အရေးအစီရင်ခံစာ မြန်မာအရေးထည့်သွင်း၊ လက်ယက်ကုန်းပစ်ခတ်မှု စစ်ရာဇဝတ်မှု မြောက်မမြောက် IIMM စုံစမ်း၊ ယူကရိန်းနယ်မြေ ၁၅ ရာခိုင်နှုန်း ရုရှားနိုင်ငံထဲကို သွတ်သွင်း၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်း တင်ပြချက်နဲ့ ကုလသမဂ္ဂညီလာခံမှာ မြန်မာအရေးပြောဆိုခဲ့ကြပြီး ကိုယ်စားလှယ်နေရာအတွက်ရော ထူးခြားမှုရှိလား တင်ပြထားတဲ့သတင်းထောက်မှတ်စုတို့ကို ၂၀၂၂ အောက်တိုဘာ ၁ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၁ ရက်၊ ၂၀၂၂)
ဇပိုရီးရှား နျူကလီးယား ဓါတ်အားပေးစက်ရုံ အကြီးအကဲ ပြန်ပေးဆွဲခံရ၊ ထိုင်းဘက်နယ်စပ်မှာ ခိုလုံနေတဲ့ ကရင်ကျောင်းသားတချို့ ထိုင်းနှင်ထုတ် စတဲ့ ထိပ်တန်းရောက် သတင်းတွေအပြင် ဒို့အသံ၊ ဒီကရေစီလူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ ဆွေးနွေးခန်း၊ မြန်မာနဲ့ နိုင်ငံတကာ တပတ်အတွင်း သတင်းစုစည်းချက်တွေ တင်ပြထားပါတယ်။