ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၇ ရက် ၂၀၂၃
မြန်မာလူထုဆန္ဒကိုယ်စားပြုတဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ရေရှည်အဖြေရှာဖို့ ကုလမဟာမင်းကြီးတိုက်တွန်း၊ စစ်အာဏာသိမ်းပြီးနောက်လက်နက်ကိုင်ပဋိပက္ခတွေကြား ထွက်ပြေးနေရသူသိန်းဂဏန်း နေရပ်မပြန်နိုင်စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းထောက်မှတ်စု စီးပွားရေး လူမှုရှုခင်းနဲ့ သက်တန့်ရောင်သတင်းလွှာတွေတင်ဆက်ပေးပါမယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၇၊ ၂၀၂၃)
ယူကရိန်း အရှေ့ပိုင်းမှာ စစ်ရေးဆက်လက်တင်းမာ၊ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ယင်းမာပင်မှာ ဒေသခံတချို့ အသတ်ခံရ၊ စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ ကမ္ဘာတလွှားခရိးသွား၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။