ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၇:၀၀
ဖေဖော်ဝါရီ ၃၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
နာဇီဂျာမနီကို အောင်ပွဲရသလို ယူကရိန်းကို အနိုင်ယူဖို့ ရုရှားသမ္မတကြွေးကြော၊် စစ်အုပ်ချုပ်ရေးကြောင့် တင်းမာမှုတွေ ကြီးထွားလာမှာ စိုးရိမ်မှုတွေထွက်ပေါ် စတာတွေအပြင်၊ စစ်အာဏာသိမ်း ၂ နှစ်တာ ကာလအတွင်း မြန်မာ့ငြိမ်းချမ်းရေး အလားအလာ အထူးအစီအစဉ်နဲ့အတူ တိုင်းရင်းသတင်းလွှာ အစီအစဉ်ကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၃၊ ၂၀၂၃
စစ်ကောင်စီ သက်တမ်းတိုး ၆ လအတွင်း ရွေးကောက်ပွဲ မဖြစ်နိုင်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးဆွေးနွေး၊ စစ်ရဟတ်ယာဉ် PDF ပူးပေါင်းတပ်တွေ ပစ်ချ စတဲ့သတင်းတွေနဲ့ ပြည်သူဘက်ကရပ်တည်တဲ့ CDM သံဝန်ထမ်းများအကြောင်းပါတဲ့ အာဏာသိမ်းနှစ်ပါတ်လည် အထူးအစီအစဉ်တွေကို တင်ဆက်ထားပါတယ်။