ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာနံနက်ခင်း (ဒီဇင်ဘာ ၂၉၊ ၂၀၂၂)
မြန်မာမှာအိုးအိမ်စွန့်ခွါရသူ ၁.၄ သန်းရှိပြီလို့ ကုလသမဂ္ဂ IOM ကခန့်မှန်းတာ၊ တရုတ်နဲ့ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်တာ အပါအဝင်ထိပ်တန်းရောက်သတင်းတွေ၊ ၂၀၂၂ အားကစားဆိုင်ရာသုံးသပ်ချက်၊ ဦးကျော်ဇံသာရဲ့ မြန်မာ၊ တရုတ်၊ ရုရှား ဆက်ဆံရေးအပြင် လူထုနဲ့ကျန်းမာရေး စတဲ့အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ပါမယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၂
အမေရိကန်လာတဲ့တရုတ်တွေ ကိုဗစ်ကင်းစင်ကြောင်း အထောက်အထားပြရမယ်၊ ကမ္ဘောဒီးယားလောင်းကစားရုံဟိုတယ်မီးလောင်မှု ၂၀ နီးပါးသေဆုံး၊ စစ်ပွဲရက်ဆက်နေတဲ့ ကနီနယ်က ပြည်သူတွေ အကူအညီလို၊ အသက်ဆက်ရှင်သန်ဖို့ နှစ်သစ်ဆုတောင်းနေတဲ့ ပြည်တွင်းဒုက္ခသည်တွေ စတဲ့သတင်းတွေနဲ့ အာရှစီးပွားရေးအထူးအစီအစဉ်၊ အပတ်စဉ်ကဏ္ဍတွေကိုတင်ဆက်ထားပါတယ်။