ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၇:၀၀
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
အရှေ့ဥရောပက နေတိုးအဖွဲ့ဝင်တွေနဲ့ သမ္မတဘိုင်ဒင် ထိပ်သီးဆွေးနွေး၊ ရန်ကုန်မြို့က ဆင်းရဲသားတွေ ဝင်ငွေမရှိ ဖြစ်နေရကြောင်း ကုလလေ့လာချက်တွေ့ရှိ စတာတွေအပြင် မြန်မာ့အရေး သုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစား စတဲ့ အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃
Nuclear လက်နက်ပိုများအောင်လုပ်မယ်လို့ သမ္မတ Putin ပြော၊ မလေးရှားလူဝင်မှုထိန်းသိမ်းရေးစခန်းတွင်းသေဆုံးမှု စစ်ဆေးဖို့ တောင်းဆို၊ စစ်ကိုင်းတိုင်းမြို့နယ်သုံးခု စစ်အုပ်ချုပ်ရေးကြေညာမှု ဒေသခံတွေစိုးရိမ်၊ ဖလူး ဝေါလေတိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေ ထပ်ပြေးခဲ့ရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။