ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၂၃၊ ၂၀၂၂)
ကမ္ဘာ့ဖလားပွဲမှာ နာမည်ကျော် အာဂျင်တီးနားအသင်း ဆော်ဒီကိုရှုံး၊ အဂတိလိုက်စားမှု စွဲချက်သစ်အတွက် အပြစ်မရှိကြောင်း ဒေါ်စုလျှောက်လဲ စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း နိုဝင်ဘာ ၂၃၊ ၂၀၂၂
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး မြန်မာမပါဘဲ ကျင်းပ၊ ရေးမြို့မရဲစခန်းမှူးတိုက်ခိုက်ခံရလို့ သေဆုံး၊ Orion အာကာသယာဉ်ငယ်ရဲ့လကမ္ဘာပါတ်စမ်းသပ်မှု အောင်မြင်၊ ကမ္ဘာ့ဖလားနောက်ဆုံး ရလဒ်တွေအပြင် နိုင်ငံရေးလွန်ဆွဲပွဲ တိုင်းရင်းသားတွေ ဘယ်ဘက်ပါမလဲ သုံးသပ်ချက်ပါတဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။