ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၇:၀၀
ဗွီအိုအေ မြန်မာနံနက်ခင်း မေ ၂၀ ရက် ၂၀၂၃
မြန်မာ့အရေး ဗြိတိန်က ဦးဆောင်ပြီး ကုလသမဂ္ဂမှာ အလွတ်သဘော ဆွေးနွေး၊ ယူကရိန်း ဘတ်ခ်မွတ်မှာ တိုက်ပွဲတွေ ပြင်းထန်န၊ ထိုင်းအပျော်စီးလှေနဲ့ နယ်ကျွံလာသူတွေကို မြန်မာဘက်က ဒဏ်ရိုက်ပြီး ပြန်ပို့၊ ဒီလို သတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (မေလ ၂၀၊ ၂၀၂၃)
ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေ ကူညီဖို့ G-7 သဘောတူ၊ မြန်မာ မုန်တိုင်းသင့်ဒေသတွေအတွက် အကူအညီ အာဆီယံ ပေးပို့ စတဲ့ နောက်ဆုံးရ သတင်းတွေအပြင် ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်းများ၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။