ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာနံနက်ခင်း (ဒီဇင်ဘာ ၁၆၊ ၂၀၂၂)
ယူကရိန်းကို အဆင့်မြင့်ဒုံးခွင်းဒုံး ပေးမယ့်ကိစ္စ ရုရှားသတိပေး၊ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ လက်မခံဖို့ အာဆီယံကို EU တိုက်တွန်း၊ မြန်မာ စစ်ခေါင်းဆောင်တွေကို ICC က အရေးယူဖို့ ကျွမ်းကျင်သူတွေ အကြံပြု၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တို့ကို နားဆင်ရပါမယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၁၆၊ ၂၀၂၂
မြန်မာ့ဒီမိုကရေစီရေးထောက်ပံ့မယ့် NDAA အက်ဥပဒေ အထက်လွှတ်တော်အတည်ပြု၊ လုံခြုံရေးကောင်စီ မြန်မာအရေးအာရုံစိုက်အရေးယူဖို့ ကုလအထွေထွေညီလာခံတောင်းဆို၊ အမေရိကန်လက်လီအရောင်း မျှော်လင့်ထားတာထက်ကျဆင်း၊ VOA အပါအဝင်သတင်းထောက်တချို့ Twitter အကောင့်တွေပိတ်ခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။