ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာနံနက်ခင်း (ဒီဇင်ဘာ ၁၅၊ ၂၀၂၂)
ချန်ပီယံ ပြင်သစ်အသင်း ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲတက်၊ အာဆီယံ အီးယူ ထိပ်သီးအစည်းအဝေး စတင်၊ မြန်မာနိုင်ငံဖက် တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းသူ တရုတ်နိုင်ငံသား ၁၆ ယောက် ထိုင်းဖမ်းဆီး စတာတွေအပြင်၊ မြန်မာ့အရေး သုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစား စတဲ့ အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၁၅၊ ၂၀၂၂)
ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်၊ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးရွားနေဆဲ၊ ရှမ်းပြည်တောင်ပိုင်းက ဒုက္ခသည်တွေ ဆောင်းတွင်းအရေးပေါ် အကူအညီလိုအပ် စတဲ့ သတင်းပေးပို့ချက်တွေနဲ့ ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ကြရမှာပါ။