ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၇:၀၀
ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
တူရကီ၊ ဆီရီးယား ငလျင်ကြောင့် သေဆုံးသူ ၂ သောင်းကျော်အထိတိုး၊ မြန်မာ့အရေး ဖြေရှင်းရာမှာ ထိုင်းနိုင်ငံပါဝင်ဖို့ မလေးရှားဝန်ကြီးချုပ်တိုက်တွန်း စတာတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ် ။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃
ကန်ပိုင်နက် တရုတ်ရဲရဲတင်းတင်းကျူးကျော်လို့ အောက်လွှတ်တော်ဆုံးဖြတ်၊ ဒုသမ္မတဟောင်း Pence ကိုရုံးတော်လာဖို့ဆင့်ခေါ်၊ နောင်ချိုတိုက်ပွဲ စစ်တပ်လေကြောင်းနဲ့တိုက်ခိုက်၊ စစ်တပ်ဒီဇယ်ပေပါတွေ ကာကွယ်ရေးအဖွဲ့သိမ်းယူ၊ ပုလောမှာ တိုက်ပွဲရက်ဆက်ဖြစ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။