ထုတ်လွှင့် အစီအစဉ်
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေမြန်မာနံနက်ခင်း ဩဂုတ် ၁၊ ၂၀၂၃
မြန်မာနိုင်ငံဒီမိုကရေစီအုပ်ချုပ်ရေးပြန်သွားဖို့ ကုလတိုက်တွန်း၊ “စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများ လူမျိုးသုဉ်းသတ်ဖြတ်မှုပုံစံဖြစ်နေ” Dr. ဝင်းမြတ်အေးပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ လူမှုရှုခင်း၊ သက်တံရောင်သတင်းလွှာတွေ ထုတ်လွှင့်ပေးပါမယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၁၊ ၂၀၂၃)
ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်သက်သာခွင့် စစ်ကောင်စီကြေညာချက် NUG ဝေဖန်၊ စစ်ကောင်စီ အကျဉ်းသားလွတ်ငြိမ်းခွင့်အပေါ် အကဲခတ်တွေ မေးခွန်းထုတ် စတာတွေအပြင် ယူကရိန်းနဲ့ မြန်မာ လွတ်မြောက်ရေး တိုက်ပွဲ၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။