အသက် ၁၃နှစ်ပဲရှိသေးတဲ့ မောင်ထွန်းလင်းနိုင်ဟာ မေတ္တာသင်္ဂဟ နာရေးကူညီမှုအသင်းမှာ လုပ်အားပေးနေသူတဦးပါ။ သူ့အလုပ်ကတော့ ရောဂါကာကွာယ်ရေးဝတ်စုံ PPE ဝတ်ဆင်ပြီး ရန်ကုန်မြို့အနှံ့က အလောင်းတွေကို မီးသဂြိုလ်စက်တွေရှိရာဆီ နေ့စဉ်ပို့ဆောင်ပေးရတာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုတွေကြားကပဲ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား အင်္ဂါနေ့က အခုလိုထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ကမ္ဘာကျော်ဘောလုံးသမား လီယိုနယ် မက်ဆီတစ်ယောက် နှစ်ပေါင်း ၂၀ကျော်ကြာကစားခဲ့တဲ့ သူ့ရဲ့မိခင် စပိန်ကလပ် ဘာစီလိုနာကိုကျောခိုင်းအပြီး ပြင်သစ်ကလပ် PSG အသင်းမှာ ကစားဖို့ရောက်ရှိလာတဲ့အခါ ပရိတ်သတ်တွေက အခုလို သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။
အီတလီနိုင်ငံ ကိုမိုရေအိုင်အနီး မြို့တွေမှာ ရေကြီးရေလျှံမှုကြောင့် အင်္ဂါနေ့က ကားတွေရေထဲမျှောပါခဲ့ပြီး လမ်းတွေပျက်ဆီးခဲ့ရပါတယ်။ မီးသတ်သမားတွေကဟာ လူပေါင်း ၆ဝကျော်ကို ကယ်ထုတ်ခဲ့ရပြီး လက်ရှိအချိန်ထိတော့ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရသူမရှိသေးပါဘူး။
အိန္ဒိယနိုင်ငံ ဟီမာချာပရာဒက်ပြည်နယ်တွင်း မြေပြိုမှုကြောင့် လူ ၉ ဦးသေဆုံးပြီး ၃ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး လေယာဉ်အဖွဲ့ဟာ တိုကျိုမြို့ အိုလံပစ်အားကစားကွင်းပေါ်ကို ကစားပွဲတွေမစခင် ၂ရက်အလို ဗုဒ္ဓဟူးနေ့က အလှပြပျံသန်းခဲ့ပါတယ်။
Amazon ကုမ္ပဏီပိုင်ရှင် အမေရိကန်သူဌေးကြီး Jeff Bezos ဟာ သူကိုယ်တိုင်ရွေးချယ်ထားတဲ့ လူ(၃)ဦးနဲ့အတူ ဇူလိုင်လ ၂၀ရက်နေ့က အာကာသခရီးစဉ်ကို စတင်လိုက်ပါတယ်။
COVID-19 ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူတွေ အနေနဲ့ ဆေးရုံတွေမှာပါ ကုသမှုရဖို့ အခက်အခဲတွေနေသလို ကွယ်လွန်သူတွေအတွက် မီးသဂြိုဟ်ပေးဖို့လည်း အကျပ်အတည်းဖြစ်နေတာပါ။ လုပ်အားပေးပရဟိတအသင်းတွေဟာ ဒီလိုအပ်ချက်ကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးနေသူတွေဖြစ်ပါတယ်။
အာဏာသိမ်းပြီးဆန့်ကျင်ရေး ဆန္ဒပြမှုတွေ၊ နေရာအနှံ့ဖြစ်ပေါ်တဲ့ ဖောက်ခွဲမှုတွေအပြင်၊ စစ်ကောင်စီ နယ်မြေရှင်းလင်းမှု အိုးအိမ်စွန့်ခွာပြေးရသူ တိုးလာ၊ မြန်မာ့အရေး နိုင်ငံတကာ အရေးပေါ် ညွန့်ပေါင်းဖွဲ့ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း၊ သတင်းပတ်အတွင်း သတင်းစုစည်းမှု နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဂျာမန်အသင်း ကြိုးတန်းလျှောက်စံချိန်တင် Description ဂျာမနီနိုင်ငံသားတွေပါဝင်တဲ့ ကြိုးတန်းလျှောက်အသင်းတသင်းဟာ ဇူလိုင်လ ၃ရက်နေ့က ဆွီဒင်နိုင်ငံ Lapporten လွင်ပြင်ဒေသမှာ အမြင့်မီတာ ၆၀၀ (၁၉၆၈ ပေ)နဲ့ အရှည် ၂.၁ ကီလိုမီတာ (၁.၃ မိုင်) အကွားအဝေးကို လျှောက်ပြခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာအရှေ့ဘက်မှာရှိတဲ့ ဘီကာစီမြို့က သုဿန်တခုအတွင်း ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သူအများအပြားကို မြေမြှုပ်သဂြိုလ်နေကြတာဖြစ်ပါတယ်။
အမေရိကန် လေယာဉ်တင်စစ်သင်္ဘော U.S.S Gerald R. Ford ရဲ့ တုန်ခါမှုခံနိုင်ရည် စစ်ဆေးချက်တစ်ခုကို ဇွန်လ ၁၈ရက်နေ့က အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့လက တစိတ်တပိုင်းပြိုကျခဲ့တဲ့ ကွန်ဒိုအဆောက်အအုံကို အခုအခါမှာတော့ အပြီးသတ်ဖြိုချလိုက်တာပါ။ ဒီလိုဖောက်ခွဲဖြိုချလိုက်ခြင်းအားဖြင့် အရင်အပျက်အဆီးဟောင်းတွေကြား ပိတ်မိနေသေးသူတွေကိုလည်း ပိုရှာတွေ့နိုင်မယ်လို့ မျှော်လင့်ခနေကြတာပါ။
▶ အမေရိကန်ပြည်ထောင်စုအစိုးရက လှူဒါန်းတဲ့ Moderna ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး ၁.၂၅သန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာအနှံ့ကိုဗစ်ကာကွယ်ဆေးရရှိရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် COVAX ရဲ့ တစိတ်တဒေသဖြစ်ပြီး စုစုပေါင်း ၂.၅သန်း လှူဒါန်းတဲ့အထဲက ပထမအသုတ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၅လပြည့်ချိန် ဇူလိုင်လ ၁ရက်နေ့မှာပဲ လူငယ်အများစုပါဝင်တဲ့ ဆန္ဒြ ပသူ တစ်ရာကျော်ဟာ ရန်ကုန်မြို့ပေါ်မှာ အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတခုပြုလုပ်ခဲ့ပါတယ်။
▶ အီဂျစ်နိုင်ငံ မြောက်ပိုင်းက ကမ်းခြေတခုမှာ မော်တော်ကားပုံသဏ္ဍန် ရေပေါ်မောင်းနှင်းနိုင်တဲ့ယာဉ်ကို စီးနှင်းနေကြတာဖြစ်ပါတယ်။ ဒီယာဉ်အသစ်ကို အဲဒီဒေသမှာပဲ ဖန်တီးခဲ့ကြတာဖြစ်ပြီး ဒီနှစ်အတွင်း ခရီးသွားတွေကိုဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းမှုတစိတ်တပေိုင်းလည်းဖြစ်ပါတယ်။
ဇွန်လ ၂၂ရက်နေ့ ရန်ကုန်မြို့တနေရာမှာတွေ့ရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလျှပ်တပြက်ဆန္ဒပြပွဲတခုဖြစ်ပါတယ်။ မန္တလေးမြို့မှာ စစ်တပ်က အိမ်တအိမ်ကို စီးနင်းရှာဖွေစဉ် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ရန်ကုန်လူငယ်တွေက မန္တလေးကို အားပေးတဲ့ ကြွေးကြော်သံတွေ ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။
၃ မိနစ်တိုင်းမှာ လူတဦးဟာ အိုးအိမ်စွန့်ခွာနေရပ်ပျောက်နေရတာပါ။ လူ ၉၇ ဦးမှာ တဦးက ခိုလှုံခွင့်တောင်းခံသူ၊ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာပြေးရသူ (IDP) သို့မဟုတ် ဒုက္ခသည် ဖြစ်ကြရပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာမီးလောင်မှုမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေဖက် အပြန်အလှန်စွပ်စွဲနေပြီး၊ မီးလောင်မှုကြောင့် နေအိမ်အတွင်း ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အို ၂ ဦး နေအိမ်ထဲမှာ မီးလောင်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ ရုရှား သမ္မတ Vladimir Putin တို့၊ သမိုင်းဝင်နိုင်ငံရေး ဆွေးနွေးပွဲကို ကြားနေ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ အခု စေဆွေးနွေးနေပါပြီ။ စစ်အေးခေတ်နောက်ပိုင်း ဒီကမ္ဘာ့အင်အားကြီး ၂ နိုင်ငံဆက်ဆံရေး တင်းမာနေချိန်မှာ၊ နာရီတွေချီကြာမဲ့ အခုထိပ်သီးဆွေးနွေးပွဲဖြစ်လာတာပါ။
နောက်ထပ်ကြည့်ရှုရန်