အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ဟာ Thanksgiving ကျေးဇူးတော်နေ့ ဖြစ်ပါတယ်။ ဒီလိုနေ့မှာ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေကို ပရဟိတအဖွဲ့တွေက စားသောက်ဖွယ်ရာတွေ ဒါနပြုကြပါတယ်။ ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်းက အကြီးဆုံး အစားအစာပရဟိတအဖွဲ့အကြောင်း Deborah Block သတင်းပို့ထားတာကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
သြစတေးလျနဲ့ ကိုလံဘီယာနိုင်ငံက ချောက်ကမ်းပါးအမြင့်ခုန် ချန်ပီယံတွေဖြစ်တဲ့ Rhiannan Ifflandနဲ့ Orlando Duque ဟာ ဒီတစ်ခါတော့ တမူထူးခြားတဲ့ အိန္ဒိယနိုင်ငံ Jodhpur မြို့က သမိုင်းဝင် Toorji Ka Jhalra ရေကန်ထဲကို ဒိုင်ဗင်ထိုးခဲ့ကြပါတယ်။
အီရန်နိုင်ငံထဲမှာ အင်တာနက်ဖြတ်တောက်ထားတာ ရက်အတော်ကြာနေပါပြီ။ ဓါတ်ဆီဈေး မြင့်တက်မှုကြောင့် အကြမ်းဖက်ဆန္ဒပြသူတွေကို နှိမ်နှင်းတဲ့အနေနဲ့ အစိုးရက ခုလိုဖြတ်ထားတာပါ။ အရင်ကလည်း ဖြတ်တောက်ခဲ့ဖူးပေမဲ့ ဒီတကြိမ်ကတော့ နိုင်ငံအနှံ့ အကျယ်ပြန့်ဆုံးဖြစ်ပါတယ်။ Michelle Quinn သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ဆင်တွေနဲ့အတူ ကျင်းပကြတဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုကို တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ Surin ခရိုင်မှာကျင်းပခဲ့ကြပါတယ်။ ဆင်ဦးစီးတွေဟာ သူတို့ရဲ့ ဆင်တွေနဲ့ တိုက်ရည်ခိုက်ရည်စွမ်းရည်တွေ၊ ဘောလုံးကစားပြတာတွေစသဖြင့် သရုပ်ဖော်ပြသခဲ့ပါတယ်။ Surin ခရိုင်ဆင်ရိုးရာပွဲတော်ဟာ နှစ်ပေါင်း(၅၀)ကျော်သက်တမ်းရှိပြီဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အတွက် Red Bull ကကျင်းပတဲ့ ကမ္ဘာ့ Rubik’s Cube ပြိုင်ပွဲကို တနင်္ဂနွေ့က ရုရှားနိုင်ငံ မော်စကိုမြို့မှာကျင်းပခဲ့ပါတယ်။ သြစတေးလျ၊ တရုတ်နဲ့ အမေရိကန်စတဲ့ နိုင်ငံတွေက ကစားသမားတွေယှဉ်ပြိုင်ခဲ့ကြပြီး Rubik's Cube ကိုတီထွင်ခဲ့သူ ဟန်ဂေရီနိုင်ငံဖွား Erno Rubik ကိုယ်တိုင်လည်း တက်ရောက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ကြက်သွန်နီတွေ အရေးပေါ် တင်သွင်းနေရ
အမေရိကန်နိုင်ငံရေးနဲ့ပတ်သက်လို့ လူတွေစိတ်ဝင်စားတဲ့ အကြောင်းအရာတခုက နိုင်ငံရေးစနစ်အတွင်း ပြည်ပကငွေကြေးလှူဒါန်းမှုတွေ ဘယ်လို ဝင်ရောက်လာနိုင်သလဲ ဆိုတဲ့အကြောင်းပါ။ ငွေကြေးစီးဆင်းမှုတွေကို ဟန့်တားဖို့ ထင်သလောက်မလွယ်ကူကြောင်း ထောက်ပြတာတွေရှိနေကြောင်း Brian Padden ရဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ သူ့ရဲ့မွေးရပ် Kansas ပြည်နယ်ကို မကြာခဏဆိုသလို သွားရောက်တဲ့ တရားဝင်ခရီးစဉ်တွေကြောင့် ဒီပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ်နေရာကို ဝင်ပြိုင်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေ ထွက်ပေါ်လာပါတယ်။ ဒီအကြောင်း Cindy Saine ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
ကမ္ဘာတစ်ဝှမ်းက ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ကြည်ေ့ရးအဖွဲ့ Freedom House ဟာ နိုင်ငံတွေမှာ အစိုးရတွေရဲ့ အင်တာနက်လူမှုကွန်ယက်တွေ အသုံးပြုနေမှုနဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၅ ရက်နေ့က အစီရင်ခံစာတစ်ခုထုတ်ပြန်ခဲ့ပါတယ်။ VOA သတင်းထောက် Arash Arabasadi ရဲ့ သတင်းလွှာကို ကိုဝင်းခန့်မောင်က ပြောပြပေးပါမယ်။
ကချင်ပြည်နယ်မှာ ၈ နှစ်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတွေကြားမှာ မူးယစ်ဆေးဝါးပြဿနာဟာ ပိုပြီးကြီးမားလာနေပါတယ်။ ကချင်ပြည်နယ်က မူးယစ်ဆေးပြဿနာအကြောင်း Steve Sandford သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။
အိန္ဒိယက ဂရင်းနစ်စံချိန်သစ်
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီယားပြည်နယ် Richmond မြို့မှာ မနှစ်က အမျိုးသမီးငယ်တစ်ဦး လမ်းဖြတ်ကူးစဉ် ဘတ်စ်ကားနဲ့အတိုက်ခံခဲ့ရတဲ့ ဗီဒီယိုတစ်ခု မကြာသေးခင်က ထွက်လာခဲ့ပါတယ်။ ယာဉ်မောင်းဟာ အချိန်မှီ ဘရိတ်အုတ်နိုင်ခဲ့တာကြောင့် အတိုက်ခံရသူဟာ အပြင်းအထန်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။#voaburmese #voasocial
ထိုင်းနိုင်ငံက ခရီးသွားအလည်များတဲ့ Krabi ခရိုင်မှာ လေးမီတာအရှည်ရှိတဲ့ king cobra အမျိုးအစားမြွေဟောက်ကြီးတစ်ကောင်ကို အောက်တိုဘာ ၁၃ရက်နေ့က ဖမ်းမိခဲ့ပါတယ်။ ၁၅ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဒီမြွေကြီးကို ၁နာရီလောက်ကြာအောင် အချိန်ပေးဖမ်းယူခဲ့ရပြီး နောက်ပိုင်း သစ်တောထိန်းသိမ်းရေးစခန်းမှာ နေရာချထားပေးခဲ့ပါတယ်။
Cape Verde နိုင်ငံ Boa Vista ကျွန်းမှာ ဘာကြောင့် လင်းပိုင် ၁၆၃ ကောင် လာပြီးသောင်တင်နေသလဲဆိုတာကို တိရစ္ဆာန်ကုဆရာဝန်တွေ အကြီးအကျယ်စုံစမ်းနေပါတယ်။ တချို့ကို အချိန်မီရေထဲပြန်လွှတ်နိုင်ခဲ့ပေမယ့်လည်း အကောင် ၁၀၀ ကျော်ကတော့ သေဆုံးသွားခဲ့ပါတယ်။ #voaburmese #voasocial
**သွေးထွက်သံယိုရုပ်ပုံများပါသဖြင့် ကြောက်တတ်သူများ ကြည့်ရှုရန်မသင့်ပါ။ ဆာမူရိုင်းဓါးတွေ၊ ထီးအရိုးတွေနဲ့ အချွန်အတက်မျိုးစုံကို ပါးမှာထိုးဖောက်ထားပြီး ထိုင်းနိုင်ငံက ဖူးခက်ကျွန်းမှာ တာအိုဝါဒ လက်ခံယုံကြည်သူတွေက အစဉ်အလာသက်သတ်လွတ်ပွဲတော်ကို ကျင်းပခဲ့ပါတယ်။ #voaburmese #voasocial
နယူးယောက်မြို့ ရထားလမ်းတစ်ခုပေါ်မှာ လူတစ်ယောက်ဟာ သူရဲ့ ၅နှစ်အရွယ် သမီးနဲ့အတူ ရထားရှေ့ခုန်ချပြီး သေကြောင်းကြံစည်ခဲ့ပေမယ့် ကလေးဟာ အသက်မသေဘဲကျန်ရစ်ခဲ့ပါတယ်။ ဒီဗီဒီယိုမှာတော့ သူမကို ရထားအောက်က ခဲရာခဲဆစ်ကယ်တင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ သူမဖခင်ကတော့ သေဆုံးခဲ့ပါတယ်။ #voaburmese #voasocial
အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံသား ပထမဆုံး အာကာသယာဉ်မှူးလိုက်ပါတဲ့ အာကာသယာဉ်တစ်စီးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကာဇစ္စတန်နိုင်ငံကနေ လွှတ်တင်ခဲ့ပါတယ်။ Hazzaa Ali Almansoori ဟာ တခြားအာကာသယာဉ်မှူး ၂ဦးနဲ့အတူ နိုင်ငံတကာအာကာသစခန်း (ISS)ကို သွားရောက်မှာဖြစ်ပါတယ်။
တူရကီနိုင်ငံ အစ္စတန်ဘူမြို့က အဆောက်အအုံတစ်ခုရဲ့ နံရံတွေပေါ်မှာတော့ ဒေါက်မြင့်ဖိနပ်ပေါင်း ၄၄၀ ကိုချိတ်ဆွဲထားတာတွေ့ရပါတယ်။ ဒါဟာ ၂၀၁၈ခုနှစ်အတွင်း အသတ်ခံရတဲ့ အမျိုးသမီးဦးရေစုစုပေါင်းအတွက် အထိမ်းအမှတ်ဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုကိစ္စအပေါ် လူတွေအာရုံစိုက်ဖို့ အသိပေးချက်လည်းဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် Houston အားကစားရုံမှာလုပ်တဲ့ Howdy Modi အခမ်းအနားကို သမ္မတ Trump နဲ့ ဝန်ကြီးချုပ် Modi တို့ အတူ မနေ့က တက်ရောက်ခဲ့ကြပါတယ်။ အိန္ဒိယနွယ်ဖွားတွေ အများအပြားပါတဲ့ လူပေါင်း ၅ သောင်းလောက်ပါဝင်ခဲ့ပါတယ်။ #voaburmese #voasocial
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက ရွာတစ်ရွာမှာ ခေါင်းနှစ်လုံးနဲ့ မြွေတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ ရွာခံတွေကတော့ အခုလို ထူးခြားတဲ့သတ္တဝါကို ဟိန္ဒူဘာသာရေးဆိုင်ရာ ပူဇော်ပသမှုတွေ ပြုလုပ်ခဲ့ပါတယ်။ #voasocial #voaburmese
နောက်ထပ်ကြည့်ရှုရန်