ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ် ဘန့်ကလန်မြို့ထဲက သစ်တောအတွင်းမှာ မြန်မာအမျိုးသားအလောင်း ၃ လောင်းကို မတ်လ ၁၅ ရက်နေ့က တွေ့ရှိပြီးတဲ့နောက် မတ်လ၂၀ ရက်နေ့မှာတော့ လူသတ်မှုနဲ့ ပတ်သက်နေတဲ့ ထိုင်းနိုင်ငံသား (၅) ဦးကို ဖမ်းဝရမ်းထုတ် ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုချက်ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ "ဝင်းရတနာ" ခရီးသည်ပိုဆောင်ရေးယာဉ်လိုင်းက ကားတစီးဟာ မတ်လ၂၀ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ညောင်ကုန်းတံတားအနီးမှာ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာကြောင့်ကားပေါ်မှာပါလာတဲ့ ခရီးသည်(၃)ယောက်သေဆုံးပြီး ၂ယောက်က တော့ဒဏ်ရာတွေရခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်းပိုင်းပြည်နယ် ၁၄ ခုအတွင်းမှာ အဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၃၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး မတ်လ ၁၇ ရက်နေ့မှာ ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံကို တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၀ ကျော်ကို ကြာသပတေးနေ့က ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းအနောက်တောင်ပိုင်း ကန်ချနဘူရီပြည်နယ်ထဲမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၃၀ ကျော် အဖမ်းခံခဲ့ရသလို၊ ထိုင်းတောင်ပိုင်း ရာဘာခြံမှာစွန့်ပစ်သွားတဲ့ ရိုဟင်ဂျာ ၄၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။
တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်အထိဖြစ်လာသလို နေစဉ်လည်းထောင်ဂဏန်းနဲ့တိုးလာကြောင်းပုလောဘက်မှာတော့ စစ်ရှောင်ဦးရေပိုများလာတယ်လို့ ဒေသခံတဦးကပြောပြပါတယ်။
ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ် ဘန့်ကလန်မြို့ထဲက သစ်တောအတွင်းမှာ မလေးရှားဘက်ကို ခိုးဝင်ဖို့ကြိုးစားတဲ့မြန်မာတွေလို့ယူဆရတဲ့ အမျိုးသားအလောင်း ၃ လောင်းကိုတွေ့ရပြီး အလောင်းတွေဟာ လက်ပြန်ကြိုးတုပ်ထားပြီး လည်ပင်းမှာလည်း ဒဏ်ရာတွေတွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
“ရွာတွေထဲမှာ နေလို့မရတော့ မြိတ်မြို့ကို ပြောင်းလာတော့လည်း စစ်ကောင်စီကတော့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို စာရင်းလိုက်ကောက်ခိုင်းတယ်။ တိုက်ပွဲဖြစ်နေတဲ့ တိုရွာက စစ်ဘေးရှောင်တွေ လုံးဝမလာစေဖို့၊ လက်မခံဖို့၊ လာလို့ရှိရင်လည်း စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားဖို့ပြောထားပါတယ်။”(ဒေသခံ)
တနင်္သာရီတိုင်မှား မြန်မာစစ်ကောင်စီတပ်ဖွဲ့တွေနဲ KNU ပူးပေါင်းတပ်ဖွဲ့တွေ ဆက်တိုက်တိုက်ပွဲဖြစ်နေတာကြောင့် စစ်ဘေးရှောင်တွေက ရနောင်းဘက်ကို တိမ်းရှောင်နေကြတဲ့အတွက် ထိုင်း-မြန်မာနယ်စပ် ကရပ်ဘူရီနယ်ခြားတလျှောက်မှာ ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားပြီး ၂၄ နာရီမပြတ် အထူးစောင့်ကြပ်ကင်းလှည့်နေကြပါတယ်။
ထိုင်းမြန်မာနယ်စပ် ပရာကျွတ်ခီရီကန်ပြည်နယ်၊ မင်မြို့နယ် တောလမ်းတနေရာမှာ တရားမဝင်နယ်စပ်ဖြတ်ပြီး မလေးရှားနိုင်ငံကို သွားကြမယ့် မြန်မာ၂၀ ကျော်နဲ့အတူ မူးယစ်ဆေးဝါးတချို့ကို ထိုင်းနယ်မြေ လုံခြုံရေး အာဏာပိုင်တွေက မတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
မလေးရှားနိုင်ငံ ပီရတ်ပြည်နယ် အိုင်ပိုမြို့မှာ အထောက်ထားမဲ့ မြန်မာ အယောက် ၃၀ ကျော် ဖမ်းဆီးမိတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဖမ်းခံရသူတွေကို လူကုန်ကူးသူတွေက ခေါ်ဆောင်လာတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ထိုင်းဘက်ကဘတ်ငွေ တသန်းဆုကြေးထုတ်ထားတဲ့ မူးယစ်တရားခံ နိုင်ဂျေစဒါကို ထိုင်းမြန်မာနယ်စပ် မဲဆိုင်-တာချီလိတ်ချစ်ကြည်ရေးတံတားကနေ မတ်လ၉ရက်နေ့က မြန်မာဘက်မှ တရားဝင်လွဲပြောင်းပေးခဲ့ပြီး ထိုင်းရဲချုပ်က မဲဆိုင်မြို့မှာ ကိုယ်တိုင် လာရောက်လက်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံတဝှမ်းလူတန်းပေါင်းစုံအမျိုးသမီးတွေဟာ ဒီကနေ့ကာလမှာ သူတို့ရဲ့စွမ်းဆောင်နိုင်မူတွေ ဖောက်ထွက်နိုင်မူတွေအတွက် ယုံကြည်မူတွေပိုရှိလာပြီး အပြောင်းအလဲတွေဖော်ဆောင်ဖို့ဆက်လုပ်ဆောင်သွားမယ့်အကြောင်းနဲ့တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေက နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပြောဆိုကြပါတယ်။
ထိုင်းမြန်မာနယ်စပ်က ကော့သောင်း-ရနောင်းရေလမ်းကနေ တရားဝင်နိုင်ငံကူးစာအုပ်တွေ၊ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား CI စာအုပ်များနဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်တာ၊ မြန်မာနိုင်ငံနေ ထိုင်းကိုဝင်ရောက်တာတွေကို မတ်လ ၇ ရက်နေ့ကစပြီး စတင်ဖြတ်သန်းခွင့်ပြုလိုက်ပါပြီ။
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို ဥဒဒေကြောင်းအရ အကာကွယ်ပေးနိုင်ဖို့ ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့က ကူညီပေးနေပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် ချင်းစန်မြို့ ရွှေတြိဂံဒေသက တရားမဝင်,ဝင်ရောက်လာပြီး မြဝတီခရိုင်၊ ရွှေကုကရိုလ်မြို့သစ်ကို သွားမယ့် တရုတ်နိုင်ငံသား ၁၄ ဦးနဲ့ယာဉ်သုံးစီးကို မဲ့ကျန်စစ်ဆေးဂိတ်လုံခြုံရေးအာဏာပိုင်တွေက မတ်လ ၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် စိုင်ရို့အမြန်လမ်းမမှာ မြန်မာနိုင်ငံကလာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာတွေပါလာတဲ့ ကားတစီး တိမ်းမှောက်တာကြောင့် ၂ ယောက်သေဆုံးခဲ့ပါတယ်။ ၈ ယောက်ကတော့ အတွင်းလူနာအဖြစ် စိုင်ရို့ဆေးရုံကြီးမှာ ကုသမှု ခံနေရပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစပြီး CDM လှုပ်ရှားမူတွေမှာ နက်နက်ရှိုင်းရှိုင်းပါဝင်သူတွေကလွဲရင်ကျန်တဲ့ အစိုးရဝန်ထမ်းတွေ အလွှာအသီးသီးက ပြည်သူတွေအနေနဲ့ ပြန်လာချင်ရင်ဆက်သွယ်ဖို့အတွက် စစ်ကောင်စီက ကြေငြာခဲ့သလို၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကလည်း သူတို့ကို ဆက်သွယ်နိုင်တယ်လို့ ပြောကြားထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်က လုပ်ငန်းခွင်မှာသေဆုံးသွားခဲ့ကြတဲ့ မြန်မာလှေလုပ်သား ၃ ဦးအတွက် နစ်နာကြေးငွေတွေကို သက်ဆိုင်ရာမိသားစုတွေထံ စတင်ပေးအပ်နေပါပြီ။
တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ကတဘက်၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကော်သူးလေးတပ်မတော်ပူးပေါင်းတပ်တို့ကတဘက် တိုက်ပွဲတွေဖြစ်နေတာကြောင့် ရနောင်းမြို့ဘက်ကို မြန်မာဒုက္ခသည် ၂၀၀ နီးပါး ထွက်ပြေးလာတာကြောင့် ထိုင်းဗိုလ်ချုပ်ကိုယ်တိုင် နယ်စပ်ကိုလာရောက်စစ်ဆေးခဲ့ပြီး နယ်စပ်လုံခြုံရေးကိုစောင့်ကြည့်ဖို့ သတိပေးသွားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ တပ်မဟာ (၃) နယ်မြေ ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ၊ ပီဒီအက်ဖ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေပြီး ကျေးရွာပေါင်း ၁၀ ရွာကျော်ဟာ လက်နက်ကြီးပစ်ခတ်ခံရမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်