"၁၆ ရက်နေ့ အထိ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာ ရှိတဲ့ မြေစရင်းရုံးတို့၊ ထွေအုပ်ရုံးတို့ ကို ဒရုန်းတွေနဲ့ စပြီး တိုက်ခိုက်ပါတယ်။ ခုတ်ခွါစခန်းမှာရှိတဲ့ တပ်ရင်းမှုး ဦးစီးတဲ့ စစ်ကြောင်း (၂) ကိုလည်း ကျနော်တို့ ဝင်ရောက်တိုက်ခိုက်တယ်။ ခမရ ၂၈၃ က စစ်ကူလာတဲ့ အချိန် ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တယ်။ "
မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်နဲ့ မြန်မာ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ မသူဇာမောင်နဲ့သူ့မမိသားစုဝင်အားလုံး ဇူလိုင်လ ၄ရက်နေ့ကစပြီး အတင်းအဓမ္မခေါ်ဆောင်ခံသွားရတယ်လို့ Human Rights Watch က ဇူလိုင်လ ၁၇ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းတောင်ပိုင်း ချွန်ဖော်ပြည်နယ် ဆဝီဒေသက လူသူ အရောက်အပေါက်နည်းတဲ့ ရာဘာခြံတခြံထဲမှာ မြန်မာလုပ်သား ၃ ဦး မနေ့က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ အနီးနား ရာဘာခြံက ပိုင်ရှင် ထိုင်းနိုင်ငံသားတဦးလည်း အသတ်ခံထားရပြီး သူတို့ ဘာကြောင့် သတ်ဖြတ်ခံရတယ်ဆိုတာ မသိရသေးသလို၊ သတ်ဖြတ်သူကို လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ် ဒေသအခေါ် ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံထောင်သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ဖြစ်နေတဲ့ ရွှေပြောင်းအလုပ်သမားတွေနဲ့ပတ်သက်လို့ အထောက်အထား လက်မှတ်လုပ်ပေးဖို့အတွက် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်ကြဖို့ ထိုင်းပြည်ထဲရေးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
KNU တပ်မဟာ ၆ ထိမ်းချုပ်နယ်မြေ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင် ကျေးရွာအုပ်စုထဲမှာ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး ၁၅ ရက်နေ့ထိ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကေအန်အယ်လ်အေ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်းနေပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း အန်ထောင်းခရိုင် Pamok မြိုနယ်ထဲက စာသင်ကျောင်းမှာ အထောက်အထားမရှိဘဲ နယ်မြေကျော် စာသင်ကြားလို့ ကျောင်းကထုတ်ပယ်ခံရတဲ့ မြန်မာကလေးငယ် ၁၂၆ ဦးထဲက ၅၉ ဦးကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ကရင်နီလူမျိုးစု တိုင်းလက်နက်ကိုင်တွေကြား ဒီလဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် ၅,၀၀၀ ကျော် ရှိနေပြီလို့ ထိုင်းနိုင်ငံ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
"ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာဆိုင်ရှင် ဈေးရောင်းတဲ့ဆိုင်ကို ဝင်ရောက် ဖမ်းဆီးအခါမှာ ဆိုင်ရှင်ကော အလုပ်သမား ၁၀ ဦး ဖမ်းဆီးခံရတယ်။ ထိုင်း လူဝင်မှုကြီးကြပ်ရေးကနေ ထိုင်းနိုင်ငံသားတွေပဲ လုပ်ခွင့်ရတဲ့အလုပ်တွေကို ဝင်ရောက်စစ်ဆေးတဲ့အခါမှာ တရားမဝင် လုပ်နေတာကို တွေ့လို့ ဖမ်းဆီးတာလို့ သိရပါတယ်။"
ထိုင်းဒုရဲချုပ် Pol. Gen. Surachate Hakpal ဟာ ဇူလိုင်လ ၇ရက်နေ့က ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကို ရောက်ရှိလာပြီးမြဝတီခရိုင်အတွင်းက အွန်လိုင်းလိမ်လည် ဂိုဏ်း တွေ၊ လူမှောင်ခိုဂိုဏ်းတွေကို ကို ပိုမိုဖိအားပေးဖို့ သက်ဆိုင်ရာ ထိုင်းဌာနဆိုင်ရာအဖွဲ့စည်းတွေနဲ့ လာရောက်ညှိနိုင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံ အန်ထောင်ပြည်နယ်တွင်း စာသင်ကျောင်းတခုမှာ တတ်ရောက်သင်ကြားနေတဲ့ အထောက်အထားမဲ့မြန်မာကလေးငယ် ၁၂၀ ကျော်ကို ဆိုင်ရာအာဏာပိုင်တွေက သူတို့ မူရင်းလာခဲ့တဲ့ ချင်းရိုင်ခရိုင်ကို ပြန်ပို့ခဲ့ပါတယ်။
ထိုင်း-မလေးရှားနယ်စပ် ဆုံခလာပြည်နယ်အတွင်း ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်တချို့ကို ဆက်တိုက် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး၊ ဇူလှိုင် ၄ ရက်နေ့ကတော့ အလုပ်ပွဲစားတဦးရဲ့နေအိမ်မှာ မလေးရှားကိုသွားမယ့် အထောက်အထားမဲ့ မြန်မာ ၂၀ ဖမ်းဆီး ရမိခဲ့ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တဝိုက်မှာ KNU-KNLA ၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား နေ့စဥ်ဆိုသလို တိုက်ပွဲတွေ ဖြစ်နေပြီး ထိခိုက် ဒဏ်ရာရတာတွေလည်း ရှိနေတာပါ။
မြန်မာ အလုပ်သမား တွေကို သယ်ဆောင်လာတဲ့ ကားတွေဟာ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမခံဘဲ အရှိန်မြှင့် မောင်းပြေးတာကြောင့် ကားတစင်းကတော့ ယာဥ်တိုက်မှုဖြစ်ပြီး ကားမီးလောင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဝင်ငွေကောင်းတဲ့အလုပ်လုပ်ရမယ်လို့ပြောပြီး အွန်လိုင်းကနေ ငွေလိမ်လည်ရတဲ့ လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေတာ ခံခဲ့ရတယ်လို့ ကရင်ပြည်နယ် မြဝတီခရိုင်၊ ရွှေကုက္ကိုလ်လောင်းကစားနယ်မြေမှာ ၃ လကြာ ဖိအားပေးခိုင်းစေခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ မြန်မာလူငယ်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခလယ်တံခွန်တိုင် ကျေးရွာအနီးမှာ ရွာသား ၃,ဝဝဝ ကျော် ထွက်ပြေး တိမ်းရှောင်နေရသလို၊၊ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တွေမှာဆိုလည်း စစ်ဘေးရှောင် ၃ သောင်းနီးပါး စားနပ်ရိက္ခာ ဆေးဝါး အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNLA တပ်ရင်း (၂) နဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၂၈ ရက်နေ့ ညပိုင်းမှာ ဖောက်ခွဲဖျက်ဆီးလိုက်လို့ တံတားပေါ်သွားနေတဲ့ကား၂စီး တံတားအောက် ထိုးကျပြီး တိမ်းမှောက်ခဲ့တာကြောင့် လူတဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနဲ့ မလေးရှား နိုင်ငံနယ်စပ် ဆုန်ခလာခရိုင်၊ ရသဖုန်းနယ်မြေ ရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာကလေး ၁၃ ယောက်ဟာ ဇွန်လ ၂၅ ရက်နေ့က ထွက်ပြေးသွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင်က လောင်းကစားမြို့တော်အဖြစ်နံမည်ကြီးတဲ့ ရွှေကုက္ကိုလ်ဒေသမှာ ဇွန်လ ၂၀ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ဘက်မှရောင်းချထားတဲ့ WIFI အင်တာနက် ဖြတ်တောက်ခဲ့တာကြောင့် ကာစီနိုလောင်းကစားလုပ်ငန်းနဲ့ အွန်လိုင်းဆိုင်ဘာလိမ်လည်တဲ့ လုပ်ငန်းတချို့ရပ်နားထားရပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာရှိတဲ့ ရွှေကုက္ကိုလ်အရပ်မှာ လူကုန်ကူးခံရပြီး ဒုစရိုက်ဂိုဏ်းတွေရဲ့ အဓမ္မ ခိုင်းစေခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၅၀ နီးပါးကို အင်ဒိုနီးရှား သံရုံးနဲ့အတူ လက်တွဲ ကယ်တင်နိုင်ခဲ့ပြီး နေရပ် ပြန်ပို့တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ထိုင်းရဲချုပ် Surachet Hakpal က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်