ထိုင်းမြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာထဲက မာရမ်းရဲစခန်းကို ဒေသခံက ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့အပြီးမှာ ဒေသခံ ကျေးရွာသား ၂၀၀ လောက်ဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပါတယ်။
"ဆောထိ (ရွှေကျင်) မြို့နယ်ထဲမှာပါ။ ခလရ ၂၆၄ ရယ်၊ ခမရ ၂၀ ရယ်က ရွှေကျင်ဗျူဟာကနေ လက်နက်ကြီးနဲ့နေ့တိုင်းပစ်နေတော့ အခုက ဒေသခံနှစ်ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။" (ဒေသခံ)
ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ မြန်မာနိုင်ငံသား ၈၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူတွေ တိုးလာနေချိန်မှာပဲ ထိုင်းနိုင်ငံထဲ နည်းလမ်းမျိုးစုံနဲ့ မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာနေကြတာပါ။
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းခရိုင်ကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေတဆင့် ပြန်ပို့ခဲ့ပါတယ်။ အများစုကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေ၊ လူပွဲစားတွေနဲ့လာကြသူတွေ၊ အကျဉ်းထောင်မှာနှစ်ရှည်အကျဉ်းကျခံပြီးသူတွေဖြစ်ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ် ၂ ခု ကျော်ကြာ နေထိုင်နေရတဲ့ဒုက္ခသည်တွေကို တတိယနိုင်ငံကို သွားရောက်အခြေချနေထိုင်ရေး အခု ဇွန်လမှာစတင်ခေါ်ယူတော့မယ်လို့ ကရင်ဒုက္ခသည်များကော်မတီကနေ သိရပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင် သောင်ရင်းမြစ်နဘေးက လူဦးရေ ၅,၀၀၀ လောက်ရှိတဲ့ ပလောတပို့ စစ်ဘေးရှောင်စခန်းမှာ မြစ်ရေတက်လာလို့ စစ်ဘေးရှောင်တွေရဲ့အိမ်တချို့ ရေတိုက်စားပြီးပြိုပျက်ကုန်ပါတယ်။
ထိုင်းနိုင်ငံ ခွန်ကယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်နေစဥ် ဂိမ်းကစားပြီး ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်စေခဲ့သူ မြန်မာနိုင်ငံသားကိုပစ်သတ်ခဲ့သူဟာ ထိုင်းရဲတပ်ကြပ်ကြီး တဦးဖြစ်ပြီး ခွန်ကယ်ရဲစခန်းမှာ မိသားစုနဲ့အတူ လာရောက်အဖမ်းခံခဲ့တယ်လို့ ခွန်ကယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်က မူးယစ်ကုန်သည်တွေ ပို့ဆောင်လာတဲ့ စိတ်ကြွဆေးတွေကို နကွန်စဝမ်မြို့မှာ ဖမ်းမိခဲ့တာပါ။ ထိုင်းနယ်စပ် ချင်းရိုင်ကနေ အဆင့်အဆင့် မဲဆောက်ကို သယ်ဆောင်လာပြီး ထိုင်းအတွင်းကို ပို့ဆောင်ဖို့ လုပ်ထားတဲ့ စိတ်ကြွဆေးပြားတွေ နကွန်စဝမ်မြို့ဘက်မှာ ဖမ်းမိတာဖြစ်ပါတယ်။
"ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ ဇွန်လ ၆ ရက် နေ့စွဲနဲ့အတည်ပြုလိုက်တယ်။ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို့ဝ်- ၄ နိုင်ငံက အထောက်အထားမဲ့တွေအတွက် ကောင်းတယ်။" (ဦးမိုးကြိုး- မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ )
"၂၀၂၂ ကတကြိမ်ဖြတ်ခဲ့တယ်။ အခုတကြိမ်ထပ်ဖြတ်တယ်။ ပထမတကြိမ်တုန်းက လျှပ်စစ်မီးတွေနဲ့အတူ အင်တာနက်လိုင်းတွေဖြတ်တယ်။ အင်တာနက်လိုင်းက ထိုင်းဘက်က အများကြီးရှိတယ်။ တလိုင်းဖြတ်ရင် နောက်တလိုင်းပေးတယ်။ အခု အစိုးရလိုင်းတွေက အကုန်လုံးဖြတ်ပစ်တယ်။ သူတို့က မီးစက်တွေမောင်း၊ ဆိုလာပြားတွေထောင်ပြီး အလုပ်လုပ်ကြတယ်။"(ဒေသခံ)
“ကရင်နီပြည်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်တယ်ပေါ့နော်။ ဒါပေမဲ့ စစ်မြေပြင်ဖြစ်ခဲ့တဲ့ နေရာတွေ ကျေးရွာတွေ မြို့ပေါ်ရပ်ကွက်တွေကတော့ ပြန်ဝင်နေထိုင်လို့ အဆင်သင့်မဖြစ်သေးဘူးနော်။ အထူးသဖြင့် မိုင်းအန္တရာယ်ရှိတယ်။" (တာအယ်စိုး - KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ)
"ကျနော်တို့က ခရီးသည်လမ်းတွေကို ပိုပြီး စီစစ်နေရတယ်။ ကော့ကရိတ်ဘက်၊ ကျုံဒိုးတို့ဘက်မှာတော့ BGF တွေက စကစနဲ့ပူးပေါင်းပြီး ကျနော်တို့ကို တိုက်မယ်။ ထိုးစစ်ဆင်မယ်လို့သတင်းရထားတယ်။ စုဖွဲ့မှုတွေလုပ်တယ်ကြားတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ BGF နဲ့ ထိပ်တိုက်ရင်ဆိုင်တာတော့ မရှိသေးဘူး။" (ပူးပေါင်းတပ်ခေါင်းဆောင်တဦး)
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲမှာ ဒီရက်ပိုင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးတဦးသေဆုံးပြီး ကလေးငယ်တဦး ပြင်းထန်ဒဏ်ရာတွေရခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့စီးပွားရေးမှာ အဓိကကျတဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ရည်ရွယ်ချက်နဲ့ နိုင်ငံတကာခရီးသွားတွေ၊ အလုပ်လုပ်မယ့်သူတွေ၊ ဘွဲ့လွန်ကျောင်းသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာသက်တမ်း တိုးပေးတာ၊ ဖြေလျော့တာတွေအပြင် နှစ်အထိ နေထိုင်ခွင့်ရမယ့် Destination Visa (DTV) အသစ်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်တွေမှာ SpaceX ကုမ္ပဏီရဲ့ Starlink ဆက်သွယ်ရေးစနစ်ကို အသုံးချတာတွေ ရှိနေတယ်လို့ နယ်စပ်ဒေသ အကဲခတ်တချို့က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်အတွင်း မြန်မာနယ်စပ်နဲ့ တကီလိုသာကွာတဲ့ ဒွိုင်စန်တောင်တန်းမှာ မြန်မာဘက်က မူးယစ်ဆေးဝါးတွေသယ်လာတဲ့လက်နက်ကိုင်တွေနဲ့ ထိုင်းအမှတ် ၃၂၀၇ ရိမ်းဂျားတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စိတ်ကြွဆေးပြား ၃ သိန်းဖမ်းမိခဲ့ပါတယ်။
"မေလ နောက်ဆုံးပတ်အထိ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့မြန်မာ ၉၀၀ ကျော်ဖမ်းဆီးရမိတာဖြစ်ပြီးတော့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးတဲ့နောက် ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီ၊ မေ စတဲ့ ၄ လအတွင်း နယ်စပ်ဖြတ်ကျော်လို့ဖမ်းမိတာ စာရင်းအရဆိုရင် ၃,၉၀၀ နီးပါးရှိပါတယ်။"
မလေးရှားနိုင်ငံမှာ တရားဝင် အထောက်အထား မရှိသူတွေကို အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးရာမှာ မေလ ၂၄ ရက်နေ့ မနက်က ဂျိုဟိုးမြို့မှာ အဖမ်းဆီးတွေလုပ်ခဲ့ပြီး နိုင်ငံခြားသားတွေကို စစ်ဆေးခဲ့ပါတယ်။ ဒီထဲမှာ အထောက်အထားမဲ့ လူ ၁၀၀ကျော် ဖမ်းမိပြီး၊ ဒီထဲမှာ မြန်မာ ၅၀ ကျော် ပါဝင်ပါတယ်။
မေလ ၁၉ ရက်က KNU တပ်မဟာ ၆ တပ်တွေရှိတဲ့ ကော့ကရိတ်မြို့နယ် ဒူးပလာယာခရိုင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဖူ့ချိမူ တပ်စခန်းကို KNLA/ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးတဲ့ စစ်သားတွေဖြစ်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် Fang District၊ ဖန်မြိုနယ်အတွင်းက ရဲစစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းခဲ့တဲ့ ပစ်ကပ်ကားငယ်တစီးကို နယ်စပ်စစ်ဆေးရေးဂိတ်ကနေ လိုက်လံဖမ်းဆီးရာမှာ မြန်မာနွယ်ဖွား လားဟူတိုင်းရင်းသားတဦးကို ရွှေတြိဂံဒေသထုတ်စိတ်ကြွဆေးပြား နစ်သန်းနဲ့ ဖမ်းမိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်