အမေရိကန်နဲ့ ရုရှားသမ္မတတို့ရဲ့ သတင်းစာရှင်းလင်းပွဲအပေါ် တုံ့ပြန်မှုမျိုးစုံခဲ့ပြီး ၂၀၁၆ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားနှောက်ယှက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ထောက်လှမ်းရေးအေဂျင်စီတွေကို ဆန့်ကျင်ပြီး သမ္မတ Trump ဟာ သမ္မတ ပူတင်နဲ့ အတူရပ်တည်ခဲ့တယ်လို့ စွပ်စွဲထားတာပါ။ ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
အမေရိကန်နဲ့ ရုရှားသမ္မတတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအပေါ် အမေရိကန်လွှတ်တော်အမတ်တွေအပါအဝင် အတော်များများက ရှုထောင့်မျိုးစုံကနေ တုံ့ပြန်ခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲအတွင်း ်သမ္မတ Donald Trump ဟာ ၂၀၁၆ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် ရုရှားတွေဟာ ကြားဝင်နှောက်ယှက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေကို ဆန့်ကျင်ပြီး ရုရှားသမ္မတ ပူတင်နဲ့ အတူရပ်တည်ပြောဆိုခဲ့တယ်လို့ ဝေဖန်သူတွေက စွပ်စွဲထားတာပါ။
အမေရိကန်အစိုးရအနေနဲ့ ပြည်ပက တင်သွင်းလာတဲ့ သံမဏိအပေါ် ၂၅ % အခွန်တိုးစည်းကြပ်မယ့် အစီအစဉ်ကို အမေရိကန်သံမဏိ ထုတ်လုပ်သူတွေက ကြိုဆိုလိုက်ပေမယ့်လည်း ဒီပစ္စည်းတွေအပါ် မှီခိုအားထားနေရတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကတော့ မကျေနပ်ကြပါဘူး။ Michael Bowman ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က အနှုတ်လက္ခဏာဆောင် ပြောဆိုခဲ့ပေမယ့်လည်း တွေ့ဆုံဆွေးနွေးပွဲအလားအလာ ကောင်းနေဆဲပဲလို့ အမေရိကန်ဘက်က ပြောပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း လှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ဘောလုံးသမား ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြကို ကယ်ထုတ်နိုင်ရေး၊ ကယ်ဆယ်ရာမှာ ပါဝင်တဲ့ ထိုင်းရေငုပ်သမားတဦးကတော့ ကွယ်လွန်သွားခဲ့ပါတယ်။ Arash Arabasadi ရဲ့ သတင်းလွှာကို ကိုအောင်အောင်တင်ပြပေးထားပါတယ်။
ထိုင်းလှိုဏ်ဂူအတွင်း ဝင်သွားတဲ့ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြကို ရေငုပ်ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိပြီးတဲ့နောက် အခုကယ်ထုတ်ဖို့ ကြိုးစားနေကြပါတယ်။ ဂူအစိတ်အပိုင်း နေရာတချို့မှာ ရေလွှမ်းနေတာကြောင့် ကယ်ထုတ်နိုင်ဖို့က အချိန်ယူရဦးမှာပါ။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
လူမှောင်ခိုကူးမှုနဲ့ အတင်းအဓမ္မလုပ်အားခိုင်းစေမှု အဆိုးရွားဆုံး ချိုးဖေါက်ကျူးလွန်တဲ့ နိုင်ငံတွေစာရင်းထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ Cindy Saine ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
ဆူဒန်နိုင်ငံမှာ ငယ်စဉ်အရွယ်က မိဘတွေနဲ့ တကွဲတပြားဖြစ်ခဲ့ပြီး အခုအခါမှာ အမေရိကန်နိုင်ငံသား ဖြစ်နေတဲ့ Manyang Kher ဟာလည်း ကော်ဖီထုပ်ပိုးရောင်းချပြီး ဒုက္ခသည်တွေရဲ့ အနာဂါတ်ပိုတောက်ပလာဖို့ ကြိုးစားချင်နေသူပါ။ ၇၃၄ ကော်ဖီလုပ်ငန်းအကြောင်း June Soh ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါမယ်။
ဒုက္ခသည်ဦးရေဟာ၂၀၁၇ ခုနှစ်မှာ စံချိန်တင် များပြားလာတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပြီး မြန်မာနိုင်ငံဟာဆိုရင်လည်း ဒုက္ခသည် အများအပြားထွက်ရှိရာ နိုင်ငံ ၅ နိုင်ငံထဲမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံက ဒီလို ဒုက္ခသည်ပြဿနာတွေကို ဘယ်လိုအဆုံးသတ်နိုင်မလဲ
ကမ္ဘာပေါ်မှာ ပဋိပက္ခတွေကြောင့် သူတို့ရဲ့ နေရပ်ရင်းကနေ စွန့်ခွာထွက်ပြေးရသူပေါင်းဟာ မကြုံစဖူး များပြားလာပြီး ဒုက္ခသည် ၆၈ သန်းခွဲထိ ရှိတယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ Julie Taboh ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံက မြောက်ကိုရီးယား စီးပါွးရေးလုပ်ငန်းတွေကို ပိတ်သိမ်းစေပြီး နေရပ်ရင်းပြန်စေခဲ့တာဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း အကောင်အထည်ဖေါ်တာဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၂ သိန်းနီးပါးကို မိုးရာသီကာလ ရေကြီးရေလျှံမှု ဘေးအန္တရယ်ကနေ အကူအညီပေးရေး အဖွဲ့တွေဟာ အချိန်မှီကယ်တင်ဆောင်ရွက်နေကြတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်စခန်းဖွင့်လှစ်ထားတဲ့နေရာဟာ မြေညီမဟုတ်ပဲ တောင်ကမူတွေ ပေါများတဲ့နေရာဖြစ်တာကြောင့် ဘေးအန္တရယ်ပိုများပြီး ရွှေ့ပြောင်းပေးဖို့လည်း အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးရည်ရွယ်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သဘောတူလက်မှတ်ရေးထိုး လိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးရည်ရွယ်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သဘောတူလက်မှတ်ရေးထိုး လိုက်ပါတယ်။ သမိုင်းဝင် အခုလို သဘောတူညီချက်လက်မှတ်ရေးထိုးလိုက်နိုင်တာကြောင့် ကမ္ဘာကြီးအနေနဲ့ ဘယ်တုန်းကမှ မကြုံခဲ့ဘူးတဲ့ ထူးခြားမှုတွေကိုလည်း တွေ့ရလိမ့်မယ်လို့ အမေရိကန်သမ္မတကရော မြောက်ကိုရီးယားသမ္မတကပါ ပြောကြားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျား၊ မ လိင်မခွဲခြားပဲ တန်းတူအခွင့်အရေးရဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြချိန်မှာပဲ ဗာဂျီးနီးယားပြည်နယ်က ကင်းထောက်လူငယ်အဖွဲ့မှာတော့ မိန်းကလေးငယ်တွေပါ ပါဝင်နိုင်အောင် လေ့ကျင့်သင်ကြားပေးနေပါပြီ။
Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim တို့ရဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Pompeo က မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ထိပ်တန်းအကြံပေးနဲ့ နယူးယောက်မှာ ကြာသပတေးနေ့က ကြိုတင်ညှိနှိုင်းခဲ့ကြတာပါ။ Nike Ching ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် ပြောပြပါမယ်။
ကမ္ဘာတဝှမ်းဘာသာရေးလွတ်လပ်ခွင့်အပေါ် ထိုးနှက်မှုတွေ ရှိနေတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံကလည်း စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတခုအဖြစ်လည်း သတ်မှတ်ခံရပါတယ်။ VOA သတင်းထောက် Nike Ching ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစည်းအဝေး အစီအစဉ်ကို ဖျက်သိမ်းဖို့ ကြာသပတေးနေ့မှာ အမေရိကန် သမ္မတ Donald Trump က ဆုံးဖြတ်ခဲ့ပေမဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာမယ်ဆိုရင် အနာဂတ်မှာ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်ဆိုပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။
မြန်မာသတင်းမီဒီယာတွေဟာ အစိုးရရဲ့ မျက်ခြေမပြတ်စောင့်ကြည့်မှုကို ခံနေရပြီး သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ပိုဆိုးလာနေတယ်လို့ မြန်မာသတင်းထောက်တွေကပြောပါတယ်။ ကြာသာပတေးနေ့က အမေရိကန် အထက်လွှတ်တော် အဆောက်အဦးမှာကျင်းပတဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဆိုင်ရာ ရှင်းလင်းပွဲအကြောင်း ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ သတင်းထောက်တွေ၊ သတင်းမီဒီယာတွေဟာအစိုးရရဲ့ မျက်ခြေမပြတ်စောင့်ကြည့်မှုကို ခံနေရပြီး သတင်းလွတ်လပ်ခွင့်အခြေအနေဟာလည်း ပိုဆိုးရွားလာနေတယ်လို့ မြန်မာသတင်းထောက်တွေကပြောပါတယ်။ အမေရိကန် အထက်လွှတ်တော် အဆောက်အဦးမှာကျင်းပတဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဆိုင်ရာ ရှင်းလင်းပွဲအတွင်း အခုလို ပြောလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်