၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မလောင်းဖြစ်လာဖို့ ယှဉ်ပြိုင်နေသူတွေထဲမှာ အထက်လွှတ်တော်အမတ် Elizabeth Warren ဟာ ဒုတိယ လူကြိုက်အများဆုံးဖြစ်တယ်လို့ လူထုစစ်တမ်းတွေမှာ ဖော်ပြပါတယ်။ သူ့ရဲ့စီးပွားရေးမူတွေအကြောင်း Brian Padden ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကနေဒါ၊ မက္ကဆီကိုနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့ ၂၀၁၈ ခုနှစ်ကရခဲ့တဲ့ ကုန်သွယ်ရေး သဘောတူညီချက်သစ်ဟာ အမေရိကန်တွေအတွက် ပိုပြီး အကျိုးရှိစေတယ်ဆိုပေမဲ့ လွှတ်တော်က အတည်မပြုရသေးတာကြောင့် စိုက်ပျိုးရေးသမားတွေ စိတ်မသက်မသာ ဖြစ်နေရပါတယ်။ Kane Farabaugh ပေးပို့တဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ပြင်းအားအဆင့် ၅ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း Dorian ဟာ ဘဟားမားကျွန်းစုမြောက်ပိုင်းမှာ အားကောင်းကောင်းနဲ့ တိုက်ခတ်ပြီး အမေရိကန်ကမ်းရိုးတန်းဒေသကို မရောက်ခင်မှာ အားပျော့သွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ VOA သတင်းထောက် Mike O’Sullivan ပေးပို့ထားတဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ဘာကြောင့် လိုအပ်လဲ
၂၀၁၈ ဇူလိုင်လအတွင်း အမေရိကန်ပို့ကုန်တွေအပေါ် တရုတ်ဘက်က သွင်းကုန်ခွန် တိုးကောက်ရာမှာ တရုတ်တွေ နှစ်နှစ်ခြိုက်ခြိုက်စားသုံးတဲ့ မိန်းပြည်နယ်က lobster ကျောက်ပုဇွန်တွေလည်း ပါဝင်ပါတယ်။
၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတ Donald Trump ပြန်ရွေးချယ်ခံရပါ့မလားဆိုတာ ရေရေရာရာ မရှိလှပါဘူး။ အမေရိကန်ပြည်ထောင်စုဟာ ၂၀၂၀ မှာ စီးပွားရေးကျဆင်းမှုကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ စီးပွားရေးပညာရှင်တချို့က သုံးသပ်ပေမဲ့ သမ္မတက လက်မခံပါဘူး။ Jim Malone ပေးပို့တဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo က ပြောပါတယ်။ နည်းနာအသစ်နဲ့ ချဉ်းကပ်အဖြေရှာဖို့လည်း လုံခြုံရေးကောင်စီအစည်းအဝေးမှာ Pompeo က တောင်းဆိုပါတယ်။ Zlatica Hoke ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ဇွန်လကတည်းက ဟောင်ကောင်မှာ စခဲ့တဲ့ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုတွေဟာ အခုအခါမှာ ကမ္ဘာတဝှမ်းပျံ့နှံ့လာပါတယ်။ တချို့ဆန္ဒပြပွဲတွေမှာ တရုတ်အစိုးရကို လိုလားသူတွေနဲ့ ထိတ်တိုက်တွေ့တာမျိုးတွေလည်း ရှိတဲ့အကြောင်း VOA သတင်းထောက် Zlatica Hoke ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
၆၉ ကြိမ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့အပြင် ကရင်တိုင်းရင်းသား အများအပြားနေထိုင်ရာ ဒေသတွေမှာ တနင်္လာနေ့က ကျင်းပကြပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်မြောက်ပြည်နယ် ဝါရှင်တန်က Seattle မြို့မှာ အိမ်ခြေမဲ့ ၁၂၀၀၀ လောက်နေထိုင်ကြတယ်လို့ အမေရိကန်အစိုးရ စာရင်း ကိန်းဂဏန်းတွေအရ သိရပါတယ်။ သူတို့ကို ကူညီနိုင်ဖို့ စေတနာ့ဝန်ထမ်းအဖွဲ့ တဖွဲ့က အင်္ဂလိပ်စာလည်း သင်ကြားပေးနေပါတယ်။ Valdya Baraputri ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပါမယ်။
အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့မှာဖြစ်ပွါးခဲ့တဲ့ တနင်္ဂနွေနေ့က ပစ်ခတ်မှုအတွင်း လူ ၉ ယောက်သေဆုံးခဲ့သလို တက္ကစပ်ပြည်နယ် အယ်လ်ပါဆိုမြို့က ပစ်ခတ်မှုမှာ လူ ၂၀ သေဆုံးခဲ့ပါတယ်။ VOA သတင်းထောက် Mike O’Sullivan ပေးပို့ထားတဲ့ သတ်းလွှာကို ကိုအောင်အောင်ကတင်ပြပေးထားပါတယ်။
ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ဒုတိယအကြိမ်မြောက် စကားစစ်ထိုးပွဲကို အင်္ဂါနေ့ညက မစ်ရှီဂန်ပြည်နယ်၊ ဒိထရွိုက်မှာ ကျင်းပခဲ့ပြီး ဒီစကားစစ်ထိုးပွဲအတွင်း သမ္မတ Donald Trump အပေါ် ထိုးနှက်ဝေဖန်ခဲ့ကြပါတယ်။
ဂီတဟာ လူတွေရဲ့ နှလုံးသားကို နူးညံ့သိမ်မွေ့စေသလို လူအချင်းချင်းကြား ရင်းနှီးမှုလည်း တိုးစေပါတယ်။ Pihcintu ဆိုတဲ့ သံပြိုင်သီချင်းဆိုတဲ့ အဖွဲ့ဝင်အများစုဟာ ကမ္ဘာတလွှားက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ဘူးခဲ့ကြပြီး လူသားတွေအချင်းချင်း ပိုရင်းနှီးမှုရစေအောင် သူတို့ဟာ ဂီတကို အသုံးချပြီး ဆောင်ရွက်နေကြသူတွေပါ။
အမေရိကန်ပြည်ထောင်စုက မြို့တွေမှာ စာအုပ်စင်ငယ်လေးတွေကို ရပ်ကွက်ထဲက လမ်းတွေမှာ စိုက်ထူပြီး စာအုပ်ချစ်သူတွေအကြား အပြန်အလှန် အလဲအလှယ်လုပ်ပြီး ဖတ်ရှုကြပါတယ်။ မြို့တော် ဝါရှင်တန်ဒီစီက စာအုပ်စင်လေးတွေအကြောင်း Iryan Matviichk ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ယူကရိန်းပါလီမန် ရွေးကောက်ပွဲမှာ သမ္မတ Volodymyr Zelenskiy ရဲ့ ပါတီက မဲအများစုနဲ့ အနိုင်ရလိုက်ပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါမယ်။
အမေရိကန် မက္ကစီကိုနယ်စပ်မှာ ရောက်ရှိနေတဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို အကာအကွယ်ပေးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒီသီတင်းပတ်အတွင်း ဒီမိုကရက်တွေက ဥပဒေတရပ်အဆိုပြုလိုက်ပါတယ်။ Katherine Gypson ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
မြန်မာတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စုဝေးရာ ပုဂံဒေသကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဇူလိုင်လ ၆ ရက်နေ့မှာ သတ်မှတ်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွါထွက်သွားသူတွေ မြန်မာနိုင်ငံဘက် ပြန်လာတဲ့အခါနေထိုင်ဖို့အတွက် အသင့်ဆောက်လုပ်ပြီးသား အိမ်ခြေ ၂၅၀ ကို အိန္ဒိယအစိုးရက ရခိုင်ပြည်နယ် မောင်တောမှာ မြန်မာအစိုးရကို မနေ့က ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ကမ္ဘာတလွှားမှာ LGBTQ လိင်တူချင်း စုံမက်သူတွေ အမြဲရင်ဆိုင်ရလေ့ရှိတဲ့ အခက်အခဲတွေ၊ နောက်လူမှုအသိုင်းအဝိုင်းကြားမှာ LGBTQ တွေနဲ့ ပတ်သတ်ပြီး ဘယ်လိုသဘောထားတွေ ရှိကြတယ်။
ဒီမိုကရက် သမ္မတလောင်းကိုယ်စားလှယ်တွေရဲ့ စကားစစ်ထိုးပွဲကို ပြီးခဲ့တဲ့ အပတ်က ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့မှာ ၂ ကြိမ်ကျင်းပခဲ့ပါတယ်။ Katherine Gypson ရဲ့ သတင်းလွှာကို ကိုအောင်အောင် က တင်ပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်