စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကို ဖီဆန်တဲ့အကြမ်းမဖက် CDM လှုပ်ရှားသူတွေထဲ ရဲတပ်ဖွဲ့ဝင်နဲ့ တပ်မတော်သားတချို့လည်း ပါဝင်လာနေပါတယ်။ သူ့အကြောင်းအစီအစဉ်မှာတော့ ရဲနဲ့ စစ်တပ် အင်အားသုံး နှိမ်နင်းဖြိုခွဲမှုတွေကို လက်မခံနိုင်လို့ CDM ထဲပါဝင်ခဲ့သူ တပ်မတော်သားတဦးအကြောင်း ကိုအောင်အောင် တင်ဆက်ထားပါတယ်။
အမေရိကန် မက္ကစီကိုနယ်စပ်မှာ ရောက်ရှိနေတဲ့ ရွေ့ပြောင်းဝင်ရောက်သူတွေအရေး သမ္မတ Joe Biden အစိုးရအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖို့ ဖိအားပေးခံနေရပါတယ်။ ငယ်ရွယ်တဲ့ ကလေးငယ်တွေအပါအဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ မူဝါဒတွေ လုပ်ငန်းစဉ်တွေချမှတ်ဖို့ပါ။ ကိုအောင်အောင် ပြောပြပေးပါလိမ့်မယ်။
CDM ရုံးမတက်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုထဲမှာ ချင်းပြည်နယ်အတွင်းက ရဲတပ်ဖွဲ့ဝင် တွေနဲ့အတူ တပ်မတော်သား တဦးလည်း ပူးပေါင်း ပါဝင်လာပါတယ်။ အသက်ဘေး အန္တရယ်ကျရောက်နိုင်မှန်းသိပေမယ့်လည်း လူထုနဲ့ အတူ ရပ်တည်ချင်တာကြောင့် အခုလို ပူးပေါင်း ပါဝင်လာတာလို့ ပြောပါတယ်။ AFP သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်၊ အိန္ဒိယ၊ သြစတေးလျ ခေါင်းဆောင်တွေဟာ The Quad လို့လည်း သိကြတဲ့ လေးပွင့်ဆိုင် လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ကာကွယ်ဆေးနဲ့သံတမန်ရေး အခင်းအကျင်းအပါအဝင် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။ ကိုအောင်အောင်က တင်ပြပေးမှာပါ။
COVID 19 ကပ်ရောဂါ အကြောင်းကို သိတ်မသိကြပေမယ့်လည်း နောက်ပိုင်းမှာတော့ ဗိုင်းရပ်စ်သစ်ဟာ လူ့ခန္ဒာကိုယ်အတွင်း အစိတ်အပိုင်းတွေ ပုံမှန်အလုပ်မလုပ်နိုင်အောင် ပျက်စီးစေပြီး ရေရှည်ခံစားရမယ့် လက္ခဏာတွေကိုလည်း ပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ပါတယ်။ Carol Pearson ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဘိုင်ဒန်အစိုးရအဖွဲ့အနေနဲ့ကမ္ဘာာတလွှားဒီမိုကရေစီ ထွန်းကားရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်းကုန်ကျစားရိတ်များတဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်မှာမဟုတ်ဘဲအရင်တုန်းကလည်း ဒီနည်းလမ်းဟာအလုပ်မဖြစ်ဘူးလို့လည်း ပြောပါတယ်။ ကိုအောင်အောင်ကတင်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း လမ်းတွေပေါ် အမှိုက်ချန်မထားခဲ့ချင်တဲ့ လူငယ်တွေက ဆန္ဒပြပွဲတွေအပြီး အမှိုက် လိုက်သိမ်းပေးနေပါတယ်။ စည်းကမ်းနဲ့အညီ တောင်းဆိုမှုတွေကိုပဲ အာဏာပိုင်တွေသိအောင် သတင်းစကားပါးချင်တာဖြစ်ပြီး အမှိုက်တွေတော့ ချန်မထားခဲ့ချင်ဘူးလို့ ဆိုပါတယ်။ ကိုအောင်အောင်က စီစဉ်တင်ဆက်ထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ဖို့ လူငယ်တွေအနေနဲ့ ကြိုးစားနေကြချိန်မှာ စစ်အာဏာသိမ်းတာကြောင့် ဒီအိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ ခဲယဉ်းသွားပြီလို့ ရန်ကုန်မြို့က ဆန္ဒပြလူငယ်တဦးကပြောပါတယ်။ ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန် ရှေ့နေချုပ်အဖြစ် အဆိုပြုခံထားရတဲ့ တရားသူကြီး Merrick Garland က တကယ်လို့သူသာ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမယ်ဆိုရင် လွန်ခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ကွန်ဂရက်စ်လွှတ်တော်ကို ဝင်စီးမှုနဲ့ ပတ်သတ်လို့ ပထမဆုံး စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ကိုအောင်အောင် က တင်ပြပေးပါ့မယ်။
ဟစ်ပ်ဟော့်ပ် ဂီတ ချစ်သူတွေစုပေါင်းပြီး စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဂီတလက်တမ်း ရွတ်ဆိုပွဲ ရန်ကုန်မှာကျင်းပခဲ့ပါတယ်။ Rap Against Junta လို့ နာမည်ပေးထားတဲ့ပွဲမှာ တွေးသွားအလိုက် ကိုယ်ခံစားချက်ကထွက်ပေါ်လာတဲ့စာသားတွေနဲ့ သီဆိုဖျော်ဖြေကြတဲ့အကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်က မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထွက်လာပါတယ်။ စစ်တပ်က အကြမ်းဖက်မှုတွေ ဆက်ကျုးလွန်မယ်ဆိုရင် ဒီအရေးယူမှုဟာပထမ အဆင့်သာဖြစ်သေးတယ်လို့ အမေရိကန်အစိုးရအရာရှိတွေက ပြောပေမဲ့ အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးလိုက်တာက ဘယ်လောက်အထိ ထိရောက်မှု ရှိပါသလဲ။ ကိုအောင်အောင် စုစည်း တင်ပြထားပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်မယ်ဆိုပြီး အမေရိကန်သမ္မတ Joe Biden ကပြောကြားပြီး နောက်တရက်မှာပဲ ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ အရေးယူထားပြီးသား စစ်အာဏာပိုင်တွေအပေါ် နောက်ထပ် ပြစ်ဒဏ်တိုးခတ်လိုက်တာဟာ ဘယ်လောက် ထိရောက်မှုရှိပါမလဲ။
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကိုဘယ်လို တုံ့ပြန်မလဲ ဆိုတာအမေရိကန်သမ္မတ Joe Biden အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်စမ်းသပ်မှုတခုပါ။ ကမ္ဘာတဝှမ်းက ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ကာကွယ်ဖို့နဲ့ ဒေသတွင်း တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိ့ဖို့ သူ့အစိုးရကကတိပြုထားတာပါ။ ကိုအောင်အောင် ပြောပြပါလိမ့်မယ်။
တွေ့ဆုံဆွေးနွေးအဖြေရှာရေးကသာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်း အခြေအနေကို ကျော်လွှားနိုင်မှာဖြစ်တယ်လို့ ၈ လေးလုံး ဒီမိုကရေစီရေး လှုပ်ရှားမှု အရေးတော်ပုံ ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမိုးသီးဇွန်ကပြောပါတယ်။ ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို စစ်တပ်ဘက်က လက်မခံနိုင်တော့တာကြောင့် အခုလို စစ်အာဏာသိမ်းတာဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာကို ထိပါးလာရင်တော့လက်ခံလေ့မရှိတာ အခုစစ်အာဏာသိမ်းတာက လက်တွေ့ပြနေတာပဲလို့လည်းဆိုပါတယ်။ ကိုအောင်အောင်က စုစည်း တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံက စစ်တပ်အတွင်းမှာလည်း အာဏာရှင်ကို ဆန့်ကျင်ပြီး လူထုနဲ့အတူ ရပ်တည်မယ့် စစ်ဗိုလ်ချုပ်မျိုးတွေလည်း ပေါ်ထွက်လာဖို့ လိုတယ်လို့ မြန်မာ့အရေး သုံးသပ်သူ ဦးတင်မောင်သန်းက ပြောဆိုပါတယ်။ ကိုအောင်အောင်က ဆက်သွယ် မေးမြန်းတင်ပြပေးထားပါတယ်။
မြန်မာ့သမိုင်းမှာ အခုနောက်ဆုံး စစ်အာဏာသိမ်းခေါင်းဆောင်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။ အခုလို အာဏာသိမ်းဖို့အတွက် နှစ်ပေါင်းများစွာ ဘယ်လို ကြံစည်ခဲ့သလဲ၊ ဘာတွေ ဆောင်ရွက်ခဲ့သလဲဆိုတာတွေကို မြန်မာ့အရေးသုံးသပ်သူ ဦးစည်သူအောင်မြင့်က သုံးသပ်တင်ပြထားပါတယ်။ ကိုအောင်အောင်က တည်းဖြတ်တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အပြင် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုဖို့ အာဏာသိမ်း စစ်အစိုးရကို အမေရိကန်အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။ ဒီ ကြေညာချက်တချို့ကို ကိုအောင်အောင် က စုစည်း တင်ပြပေးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ အောင်အောင်မြင်မြင် စမ်းသပ်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်လာချိန်မှာပဲ လိုအပ်ချက်ကို အကြောင်းပြုပြီး လူတွေကို လိမ်ညာဖို့ အဆင်သင့်စောင့်ဆိုင်းနေသူတွေ ရှိကြောင်း စုံစမ်းစစ်ဆေးသူတွေက သတိပေးပါတယ်။ AP သတင်းကို အခြေခံပြီး ကိုအောင်ငအောင်က တင်ပြပေးထားပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့မှာ မဲပေးနေကြတဲ့အခြေအနေကို သိနိုင်ဖို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အနီး ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့က မဲရုံမှာ VOA မြန်မာပိုင်းအစီအစဉ်က မခင်ဖြူထွေးကို ကိုအောင်အောင် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်