အမေရိကန် အစိုးရက နိုင်ငံတဝန်း ကျောင်းတွေ၊ အများပြည်သူသွားလာရာ အဆောက်အဦးတွေအတွင်းမှာ နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားချက် စည်းမျဉ်းတွေ ထုတ်ပြန်ထားပေမဲ့လည်း တချို့ကတော့ နှာခေါင်းစည်း မတပ်နိုင်ဘူးဆိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ကြပါတယ်။ ဒီအကြောင်း အေပီသတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန် ၇၀ ရာခိုင်နှုန်းလောက် ကိုဗစ် ကာကွယ်ဆေးထိုးပြီးနေပြီလို့ လတ်တလော စာရင်းကိန်းဂဏန်းတွေမှာ ဖော်ပြနေပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ် Delta မျိုးကွဲ ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သတ်လို့ စိုးရိမ်နေရဆဲဖြစ်ကြောင်း အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေး ပြောဆိုနေကြပါတယ်။
ကိုဗစ်ရောဂါကူးစက်မှုတွေ ထပ်မံဖြစ်ပွားနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ အလုပ်လက်မဲ့ဖြစ်ပြီး အိမ်ငှားခမပေးနိုင်တာကြောင့် နေအိမ်ကနေ ဖယ်ရှားခံမယ့်အရေးကို လူအတော်များများ ရင်ဆိုင်နေရပါတယ်။ နေအိမ်ပေါ်ကနေ ဖယ်ရှား မပေးရရေး ကူညီသူတွေလည်း ရှိနေတဲ့အကြောင်း အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ကူးစက်မှုတွေ မြင့်မားလာတဲ့အမေရိကန်ပြည်ထောင်စုမှာနှာခါင်းစည်းတပ်ဖို့ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတွေကစည်းမျဉ်းသစ်တွေ ထပ်မံထုတ်ပြန်လိုက်ပြီးစားသောက်ဆိုင်အပါအဝင်လုပ်ငန်းရှင်တွေကလာရောက်စားသုံးသူတွေ၊ဝန်ထမ်းတွေကိုကာကွယ်ဆေးထိုးပြီးကြောင်းအထောက်အထားပြသဖို့ ဆောင်ရွက်လာပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေးထိုးထားသူတွေလည်း အဆောက်အအုံတွင်း နှာခေါင်းစည်းတပ်ဖို့ ပြည်နယ်အချို့မှာ ဒေသခံအာဏာပိုင်တွေက စည်းကမ်းထုတ်ခဲ့ရာကနေ ခုအခါမှာတော့အထူးသဖြင့် ရောဂါကူးစက်မှုများတဲ့နေရာတွေ အားလုံးလိုက်နာကြဖို့ အမေရိကန်ကူးစက်ရောဂါကာကွယ်တားဆီးရေးနဲ့ထိန်းချုပ်ရေးဌာနက ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာကိုဗစ်ကပ်ရောဂါစတင်ခဲ့တဲ့ ၂၀၂၀ နှစ်ဦးပိုင်းကစလို့ လူအများကြား စိုးရိမ်ထိတ်လန့်ခဲ့ကြပြီးကျောင်းတွေပိတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းအခုကျောင်းပြန်ဖွင့်ချိန်မှာတော့ မိဘတွေက ကလေးတွေကို ပုံမှန် စာသင်ကျောင်းကိုမလွှတ်တော့ဘဲကိုယ့်အိမ်မှာပဲကိုယ်တိုင်စာသင်ပေးကြပါတော့တယ်။ ကိုအောင်အောင်ကပြောပြပါမယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံအဆောက်အအုံ ပြန်လည်ပြင်ဆင်ရေး အသုံးစရိတ်နဲ့ ပတ်သတ်ပြီး ပြတ်ပြတ်သားသားအဖြေထွက်အောင် ဒီသီတင်းပတ်အတွင်း ရီပတ်ဗလစ်ကန်နဲ့ ဒီမိုကရက် ပါတီကြီး ၂ ရပ်အကြား ဆွေးနွေးဖို့ ရှိနေပါတယ်။ Michelle Quinn ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကိုဗစ် ကာကွယ်ဆေး ထိုးမထားသူတွေနဲ့ ဒယ်လ်တာ ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ကိုဗစ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် မြင့်မားလာတဲ့ အမေရိကန် ပြည်ထောင်စုမှာ ရောဂါကူးစက်မှု ထိန်းချုပ်ဖို့အတွက် တာဝန်ရှိသူတွေ ကြိုးပမ်းနေကြပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်အနောက်ဖမ်းခြမ်း ပြည်နယ်တချို့မှာ တောမီး အကြီးအကျယ်လောင်ကြွမ်းတာကြောင့် ဒီ မီးခိုးတွေဟာ မိုင်ထောင်ချီဝေးတဲ့ အရှေ့ဖက်ခြမ်းထိ ရောက်လာပါတယ်။ ရာသီဥတု ဖေါက်ပြန်မှုရဲ့ အကျိုးဆက်အနေနဲ့ နယူးယောက်စီးတီးမှာ ခုလိုမျိုး ရင်ဆိုင်တွေ့ကြုံနေရတာပါ။ ကိုအောင်အောင်က စုစည်း တင်ပြပေးထားပါတယ်။
အမေရိကန်ဘီလီယံနာသူဌေးကြီး Jeff Bazos ရဲ့ အာကာသခရီးစဉ် ဇူလိုင် ၂၀ ရက်နေ့က အောင်မြင်စွာပျံသန်းနိုင်ခဲ့ပါတယ်။ တခြားသူတွေလည်းလိုက်ပါတဲ့ Blue Origin ကုမ္ပဏီရဲ့ အာကာသခရီးစဉ်ဟာ သီတင်းတပတ်ကျော်ကာလအတွင်း ဒုတိယမြောက်ဘီလီယံနာတဦးရဲ့ပထမဆုံးအာကာသခရီးစဉ် ဖြစ်ပါတယ်။ ကိုအောင်အာင်က စုစည်းတင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဒေသတချို့မှာ ကိုဗစ် ကပ်ရောဂါကူးစက်မှု များလာတာကြောင့် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင်တောင်မှ ဈေးဝယ်တာ၊ ကုန်တိုက်ကို သွားလာတာမျိုး အဆောက်အဦးအတွင်း သွားတာတွေမှာ နှာခေါင်းစည်းတပ်ကြဖို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နည်းပညာကုမ္ပဏီတွေရဲ့ ကန့်သတ်ချက်တွေကြောင့် အီလက်ထရောနစ် ပစ္စည်းတွေကို ကိုယ့်ဘာသာ ပြန်ပြီး ပြင်ဆင် အသုံးပြုချင်သူတွေအတွက် အခက်အခဲတွေ ကြုံရလာရသလို ပြင်ပေးတဲ့ ဒေသခံ စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်နေပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Matt Dibble ရဲ့ သတင်းလွှာကို ကိုအောင်အောင် ပြောပြပါလိမ့်မယ်။
အမေရိကန်ရွေးကောက်ပွဲအတွက် မဲပေးရာမှာ လူတိုင်း အလွယ်တကူ မဲပေးနိုင်အောင် အဆိုပြုတင်ပြထားတဲ့ ဥပဒေကြမ်းအတည်ပြုနိုင်ဖို့ ကွန်ဂရက်စ်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာမှ ထောက်ခံပေးဖို့ ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲဖီးယားမှာ သမ္မတ ဂျိုးဘိုင်ဒန်က တိုက်တွန်းခဲ့ပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နယူးယောက်မြို့က Brooklyn Grange စိုက်ပျိုးရေးကုမ္ပဏီဟာ မြို့ထဲ ရှိတဲ့ အဆောက်အဦးမြင့်တွေရဲ့ အမိုးတွေပေါ်မှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးလာတာ ၁၀ နှစ်လောက် ရှိပါပြီ။ ကွန်ဂရစ် အုတ်အမိုးတွေပေါ် မြေကြီးတင်ပြီး စိုက်ခင်းတွေ ဖန်တီးလာတာပါ။ ကိုအောင်အောင်က ပြောပြပေးထားပါတယ်။
အမေရိကန်ပြည်သူအားလုံး ကိုဗစ်ကာကွယ်ဆေးတွေ ထိုးဖို့ အစိုးရက တိုက်တွန်းနေပေမဲ့ ဆေးထိုးဖို့ ဝန်လေးနေသူတွေကို လွယ်လွယ်ကူကူ နားချဖို့ ခက်နေပါသေးတယ်။ ပါတီစွဲတွေနဲ့ နိုင်ငံရေး သဘောကွဲလွဲချက်တွေကြောင့် ကာကွယ်ဆေးထိုးရေးမှာ အဟန့်အတားတွေ ကြုံနေရပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်19 ကာကွယ်ဆေး အလွယ်တကူ ထိုးလို့ရပေမယ့်လည်း ဆေးမထိုးတဲ့သူတွေ ရှိနေသေးတာကြောင့် ကိုဗစ်ကာကွယ်ဆေးထီ ဆိုပြီး ကာကွယ်ဆေးထိုးသူတွေကို မဲဖေါက်ပေးတဲ့ အစီအစဉ်နဲ့ အစိုးရက လူတွေကို စည်းရုံးနေပါတယ်။ အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အနောက်ဘက်ပြည်နယ်က အုပ်ချုပ်ရေးမှူးတွေနဲ့ အွန်လိုင်းကနေတွေ့ဆုံပြီး အမေရိကန်တွေ ရင်ဆိုင်နေရတဲ့ အပူလှိုင်းဒဏ်၊ တောမီး၊ မိုးခေါင်ရေရှား ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သတ်ပြီး မကြာသေးခင်ရက်ပိုင်းကဆွေးနွေးခဲ့ပါတယ်။ Mike O'Sullivan ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နှစ် ၂၀ ကြာ အာဖဂန်နစ္စတန်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ အားလုံးနီးပါး ပြန်ရုပ်သိမ်းဖို့ သမ္မတဘိုင်ဒန်က ဆောင်ရွက်နေချိန်မှာ ဒီအခြေအနေဟာ တာလီဘန်တွေအတွက် အသာစီးရသွားနိုင်တဲ့အပေါ် အမေရိကန် စစ်တပ်အကြီးအကဲတွေ စိုးရိမ်နေကြပါတယ်။ Michelle Quinn ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
Amazon ကုမ္ပဏီကို ထူထောင်သူ ဘီလီယံနာ Jeff Bezos ဟာ မကြာခင်ရက်ပိုင်းမှာ သူ့ပိုင် ကုမ္ပဏီက အာကာသယာဉ်နဲ့ ကမ္ဘာ့မြေပြင် အထက် မိုင် ၆၀ အကွာ မြေပြင် စွဲငင်အား ကင်းတဲ့ အာကာသထဲအထိ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ ဒီအကြောင်း အေပီနဲ့ ရိုက်တာသတင်းတွေကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အီးစီးကရက် ရောင်းချတဲ့ Juul ကုမ္ပဏီကို အမေရိကန်ပြည်နယ် အတော်များများက တရားစွဲခဲ့ကြပါတယ်။ ပြည်နယ် ၃၉ ပြည်နယ်က ရှေ့နေချုပ်တွေ ပါဝင်တဲ့အဖွဲ့ဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်ပစ္စည်းနဲ့ ဘယ်လို ကြော်ညာ ရောင်းချသလဲဆိုတာကို ၂၀၂၀ ဖေဖေါ်ဝါရီလကတည်းက စုံစမ်းခဲ့ပြီးနောက် တရားစွဲကြတာပါ။ ကိုအောင်အောင်က ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်