အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်း အခြေချလာတဲ့ အာဖဂန်နစ္စတန် ဒုက္ခသည်တွေကို ကျန်းမာရေး ဆေးစစ်ပေးနေတဲ့ ကယ်လီဖိုးနီးယားက ဆေးခန်းတခုမှာ တာဝန်ထမ်းဆောင်နေသူ အများစုဟာလည်း အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချလာသူတွေပါ။ အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတွေ ပြန်ဖွင့်နေပြီမို့ ကလေးမိဘတွေ သူတို့ကလေးတွေကို ကျောင်းပြန်ပို့နေကြပါပြီ။ ဒါပေမဲ့ အိုမီခရွန် ဗိုင်းရပ်စ်ကြောင့် ကျောင်းပြန်ပို့ရပေမဲ့ ကလေးတွေအတွက် စိတ်မအေးစရာ ဖြစ်နေပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကားမှာ ထရပ်ကားမောင်းသူတွေ မလုံလောက်လို့ ပြီးခဲ့တဲ့ အားလပ်ရက်ရာသီ နိုင်ငံတဝန်း ကုန်ပစ္စည်းတင်ပို့တာတွေ နှောင့်နှေးကြံကြာခဲ့ပါတယ်။ လုပ်ငန်းခွင်ကို စနစ်တကျ စီမံနိုင်မှု အားနည်းချက်တွေ ရှိနေတယ်ဆိုပြီး ထောက်ပြတာတွေလည်း ရှိပါတယ်။ Mike O'Sullivan ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ကမ္ဘာတဝန်းမှာ ကိုဗစ်ရောဂါ ပဉ္စမလှိုင်း ပျံ့နှံ့ကူးစက်နေတာမှာ ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့သူတွေရော၊ မထိုးထားတဲ့သူတွေမှာပါ ကူးစက်ခံနေရပါတယ်။ Arash Arabasadi ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ သူနာပြုတချို့ဟာ အခုအခါ တောတောင်တွေထဲ ပုန်းအောင်းရင်း ဒေသခံလူနာတွေကို ကုသပေးနေပါတယ်။ ယာယီ ဆေးခန်းလေးတွေနဲ့ ရှိသမျှ ဆေးဝါးတွေကို သုံးပြီး ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့အကြောင်း AFP သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ရေမြေခြားမှရုပ်ပုံလွှာ အစီအစဉ်အပိုင်း ၂ မှာတော့ လက်ထဲမှာငွေရာဂဏန်းတောင် မရှိတဲ့ဘဝနဲ့ အမေရိကားကိုရောက်လာပြီး ကိုယ့်အိပ်မက်တွေအကောင်အထည်ဖော်ဖို့ ဘာတွေဆက်လုပ်မလဲဆိုတာနဲ့ လုပ်ငန်းခွင်တာဝန်ကြေဖို့ စတဲ့အကြောင်းတွေကို ထရပ်ကားမောင်းသူကိုသိန်းထွန်းအောင်က ပြောပြသွားပါတယ်။ ကိုအောင်အောင် ရိုက်ကူးတင်ဆက်ထားပါတယ်။
ကမ္ဘာတလွှား အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်မှုကြောင့် ကူးစက်မှုများတဲ့ နိုင်ငံတွေက ဆေးရုံတွေမှာ လုံလောက်တဲ့ ဝန်ထမ်းအင်အားနဲ့ ကုသပေးနိုင်မလား စိုးရိမ်နေကြပါတယ်။ ခရစ္စမတ်ကာလမှာ လေယာဉ်ခရီးစဉ် ထောင်နဲ့ချီလည်း ဖျက်သိမ်းခဲ့ရပါတယ်။ Arash Arabasadi ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချတဲ့ မြန်မာတွေ အသက်မွေးဝမ်းကြောင်းမှု ပုံစံမျိုးစုံ ရွေးချယ်ကြတာမှာ အင်ဒီးယားနားပြည်နယ်၊ ဖို့ဒ်ဝိန်းမြို့က ကိုသိန်းထွန်းအောင်ကတော့ ကုန်တင်ကားကြီးတွေ မောင်းပြီး ဘဝရပ်တည်နေသူဖြစ်ပါတယ်။ သူ့ရဲ့ တနေ့တာကို “ရေမြေခြား ရုပ်ပုံလွှာ” အဖြစ် ကိုအောင်အောင် တင်ဆက်ထားပါတယ်။
Omicron ဗီဇမျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်တာကို တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ နယူးယောက်မြို့မှာ ကိုဗစ်ပိုး စစ်ဆေးတဲ့ Center အများအပြား ဖွင့်လှစ်ထားပါတယ်။ မြို့ခံတွေ တော်တော်များများလည်း ကာကွယ်ဆေး ထိုးထားကြပြီးပါပြီ။ AP သတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထားပါတယ်။
အိုမီခရွန် ကိုဗစ် မျိုးကွဲသစ်ဟာ တကမ္ဘာလုံးကို ဆက်လက် ကူးစက်နေပြီး နိုင်ငံတချို့က ဆေးရုံတွေမှာ ဝန်နဲ့ အားမမျှဖြစ်မယ့် အနေအထား ဆိုက်ရောက်နေပါတယ်။ တချိန်တည်းမှာပဲ ကိုဗစ် ကန့်သတ်ချက်တွေ မလိုအပ်ဘူး လို့ ပြောနေသူတွေလည်း ရှိနေပါတယ်။ Arash Arabasadi ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေ ပို့ဆောင်ရာမှာ အကြပ်အတည်းဖြစ်အောင်မြန်မာစစ်တပ်က လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေ ထိုးရမယ်ဆိုတဲ့ စည်းမျဉ်းကို နယူးယောက် မြို့တော်ဝန်က ချမှတ်လာတာမှာ ခုနောက်ဆုံး ကလေးငယ်တွေလည်း ကာကွယ်ဆေး ထိုးနေကြပါပြီ။ ပုဂ္ဂလိက လုပ်ငန်းခွင်တွေမှာ ကာကွယ်ဆေးထိုးကြဖို့လည်း မကြာခင်တုန်းက စည်းမျဉ်းထုတ်ပြန်ခဲ့တာပါ။ ရိုက်တာသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထားပါတယ်။
ကမ္ဘာကြီး ပူနွေးစေတဲ့ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့ကြိုးစားလာတာမှာ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ အစားအသောက် အကြွင်းအကျန်တွေကို စနစ်တကျ စွန့်ပစ်ဖို့ ဆောင်ရွက်လာပါတယ်။ ဒီအကြောင်း အေပီသတင်းကို အေခြခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်အတွင်းတိုက်ခတ်တဲ့ လေဆင်နှာမောင်းဒဏ်ခံရတဲ့အမေရိကန်ပြည်ထောင်စုအတွင်းက ပြည်နယ်တွေမှာကယ်ဆယ်ရှာဖွေရေး ဆက်လုပ်နေပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ကတော့ အဲဒီဒေသတချို့မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး လိုအပ်တာအားလုံးကူညီထောက်ပံ့ပေးသွားမယ့်အကြောင်း ကတိပေးပြောဆိုပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်မျိုးကွဲသစ် ကမ္ဘာတဝှမ်း ပျံ့နှံ့လာနေချိန်မှာပဲ နယူးယောက် မြို့တော်ဝန် Bill de Blasio က လုပ်ငန်းခွင်တွေက ဝန်ထမ်းလုပ်သားတွေ မဖြစ်မနေ ကာကွယ်ဆေး ထိုးရမယ်ဆိုပြီး စည်းမျဉ်း ထုတ်ပြန်လိုက်ပါတယ်။ ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန် သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အထူးသဖြင့် ကုန်တင် ထရပ်ကားမောင်းသူတွေ လိုအပ်နေပါတယ်။ နိုင်ငံတဝှမ်း ကုန်စည် စီးဆင်းမှုမှာ ထရပ်ကားတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါပြီး ကပ်ရောဂါကာလအလွန်မှာ ဒီလုပ်ငန်းကို လူငယ်တွေ စိတ်ဝင်စား လာကြတာပါ။ အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နိုင်ငံပေါင်း ၄၀ လောက်မှာကိုရိုနာဗိုင်းရပ်စ် Omicron မျိုးကွဲသစ် ကူးစက်မှုတွေ တွေ့နေရပါတယ်။ ဒီမျိုးကွဲသစ်ဟာတခြား မျိုးကွဲတွေထက်ပိုပြီး အန္တရာယ်များ မလားဆိုတာကို ပညာရှင်တွေက လေ့လာနေတဲ့တချိန်တည်းမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အထိတ်တလန့် မဖြစ်ကြဖို့ ပြောဆိုထားပါတယ်။ ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို ထူထောင်ခဲ့သူတွေထဲက တဦးအဖြစ် သတ်မှတ်ထားကြတဲ့ သမ္မတ သောမတ်စ် ဂျက်ဖာဆင်ရုပ်တုကို နယူးယောက်မြို့တော်ခန်းမ ကနေ ဖယ်ရှားပြီး New York Historical Society သမိုင်းပြတိုက်မှာ ကာလကြာရှည် ထားရှိသွားမှာဖြစ်ပါတယ်။ Nina Vishneva ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန် ဈေးကွက်အတွင်း ကုန်ပစ္စည်း ပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ အမေရိကန် အလုပ်သမားဝန်ကြီးက ပြောပါတယ်။ နှစ်ကုန် အားလပ်ရက်ရာသီလည်းဖြစ် ခရစ္စမတ်ကာလမှာ ကုန်ဈေးနှုန်းကြီးမားလာသလို ပစ္စည်းပြတ်လပ်မှုတွေ ွဖစ်မလားဆိုပြီး စိုးရိမ်ခဲ့ကြတာပါ။ AFP သတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အတွက် တောင်းဆိုလှုပ်ရှားတဲ့ PEN အမေရိကား အဖွဲ့က နယူးယောက်မြို့မှာ ရှိတဲ့ ရုရှား ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ An Empty Chair လှုပ်ရှားမှု အစီအစဉ် ကျင်းပပြီး ဖမ်းဆီးခံ သတင်းထောက်တွေ ပြန်လွှတ်ပေးရေး ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်