တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ ပုလောကုန်းရွာ ပျူစောထီးအဖွဲ့ေ တွနဲ့ ကာကွယ်ရေးအဖွဲ့ကြား မနေ့က ၃ နာရီကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပြီး ဒါဟာ အဲဒီဒေသတအတွင်း ပထမဆုံးတိုက်ပွဲလည်းဖြစ်ပါတယ်။
“ဒေါငံခါး ဘုရားကျောင်းနောက်မှာ... သီလရှင်ဘာသာရေး အဆောက်အဦးပျက်စီးသွားတယ်ပေါ့နော်။ ဒေါငံခါး ရပ်ကွက် (၂) က အိမ်တွေလည်း ပျက်စီးသွားတယ်ပေါ့နော်။ အထိအခိုက် ကတော့ မရှိသေးဘူးပေါ့နော်။ လေယာဉ်ဗုံးကြဲတော့ ပျက်စီးသွားတဲ့အိမ်တွေပဲ ရှိသေးတာပေ့ါ။ ပျက်စီးသွားတာတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးပဲဗျ။” (ဒေသခံ)
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချိုင်ကျေးရွာနားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီအကြား ဒီနေ့ညနေ ၄ နာရီလောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့နားမှာရှိတဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က တင့်ကားတွေသုံးပစ်ခတ်တာနဲ့ စစ်လေယာဉ်တွေဝဲပျံနေတာကြောင့် မြို့ထဲကနေ ဘေးလွတ်ရာထွက်ပြေးသူတွေ များလာနေပြီး မြို့ထဲပိတ်မိနေသူတွေလည်း ရှိနေကြောင်း ဒေသခံတွေက ပြောကြပါတယ်။
နေပြည်တော်မှာ စနေနေ့ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားကိုတက်ဖို့ ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေထဲနဲ့ တိုင်းရင်းသားပါတီတွေထဲမှာကိုပဲ တက်မယ့်ပါတီ၊ မတက်မယ့်ပါတီ စသည်အားဖြင့် ကွဲပြားနေပါတယ်။
“အခု ၂၈ ရက်နေ့မှာ ကုန်းဆွတ်ဘက်မှာထပ်ဖြစ်တဲ့ တိုက်ပွဲကြောင့် လူ ၁,၀၀၀ ကျော်လောက် ဆီဆိုင်မြို့ထဲကို ထပ်ရောက်လာတယ်။ ထပ်ရောက်လာတဲ့ စစ်ရှောင်အသစ်အတွက်က နေစရာတွေ၊ စားနပ်ရိက္ခာတွေ၊ အဝတ်အစား၊ စောင်တွေ လိုအပ်တယ်ဗျ။ အရင်အဟောင်းတွေတောင်မှ အကုန်လုံးမကူညီနိုင်တဲ့ အနေအထားရှိတယ်ဗျ။” (ခွန်ကျော်ဆွေ-ဒေသခံကူညီသူ)
စစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသံတိတ်သပိတ်ဆင်နွှဲဖို့ နှိုးဆော်ထားပြီး အဲဒီလှုပ်ရှားမှုမှာ မပါကြဖို့ ရန်ကုန်နဲ့ မန္တလေး တချို့နေရာတွေမှာ စစ်ကောင်စီက လိုက်ပြီးသတိပေးနေပါတယ်။ အဲဒီနေ့မှာ ဈေးဆိုင်တွေမဖွင့်ရင် အရေးယူမယ်ဆိုတာမျိုး အော်လံတွေနဲ့ လိုက်အော်နေတာဖြစ်ပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ်တွင်းမှာ ဇန်နဝါရီ ၂၅ ရက် မနေ့ညပိုင်းတုန်းက လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄၀၀ ကျော်လောက် တောတောင်ထဲ ထပ်မံပြေးရှောင်နေကြရတယ်။ မတူပီမြို့ကနေ ပြန်ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မွှင်တုန်းကျေးရွာအုပ်စုမှာ တပ်စွဲညအိပ်နေတယ်လို့လည်း ဒေသခံတွေက ပြော
ဒီးမော့ဆိုမြို့နယ်ထဲမှာရှိတဲ့ စံပြ ၆ မိုင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမနေ့ကလည်း တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်မှာ ဒီနေ့ ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ခဲ့ပါ တယ်။ သိမ်ဆိပ်ရဲစခန်းကို ဝင်ပစ်တဲ့ ဆိုင်ကယ်သမား နှစ်ဦးနဲ့ စစ်တပ်ကင်းလှည့်ကားတို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။
ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ ဒီနေ့ မနက်အစောပိုင်းမှာ တိုက်ပွဲထပ်မံဖြစ်ပွားနေပါတယ်။ ကယားပြည်နယ်တွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်ပြေးဒုက္ခသည်တွေဟာ စစ်ရှောင်စခန်းတွေမှာပါ မနေရဲပဲ၊ တောတောင်ထဲက လှိုင်ဂူတွေမှာ ခိုအောင်းနေကြရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိတဲ့ လယ်ဇင်စံပြကျေးရွာမှာ ဇန်နဝါရီ ၁၇ ရက်က စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ ၄ ဦးသေဆုံးပြီး၊ ၄ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြော
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အိုးအိမ်ပစ်ပြီး ဘေးလွတ်ရာ ထွက်ပြေးနေကြရသူတွေအနေနဲ့ အန္တရာယ်ဘေးကလွတ်အောင် အာရုံစိုက်နေရတဲ့အတွက် ကိုဗစ်ကပ်ရောဂါကို သတိမထားနိုင်ကြဘူးလို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီက ရဟတ်ယာဉ် သုံးပြီး တိုက်ခိုက်တာကြောင့် သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ ဒေသခံရွာသားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းတွေအောက် ခရစ္စမတ် ရာသီ ဂျာမဏီနိုင်ငံ Frankfurt မြို့ ခရစ္စမတ်ပစ္စည်းတွေ ရောင်းတဲ့ ဈေးကြီးကို ပြန်ဖွင့်လိုက်ပါတယ်။ အေပီသတင်း တပုဒ်ကို အခြေခံပြီး မအလိမ္မာ က ပြောပြပေးပါမယ်။
မုံရွာကနေ စစ်ကိုင်းသွားတဲ့ စစ်ကောင်စီကားတန်းကို ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မနက်ပိုင်းကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။ မန္တလေးမြို့က ၄၁ လမ်း ကုန်ဈေးတန်းညဈေးမှာလည်း ဒီကနေ့မနက်ပိုင်း ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက ရောက်နေတဲ့ မစ္စတာ ဆာဆာကာဝါက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ပြည်သူ့ပါတီ တာဝန်ရှိသူတွေကို မနေ့က နိုဝင်ဘာ ၁၆ ရက်၊ ရန်ကုန်မြို့မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
“အမျိုးသမီး ၆ ယောက်၊ အမျိုးသား ၂ ယောက် အဖမ်းခံထားရတယ်။ PDF က သူတို့ကို ဝိုင်းထားလို့ လမ်းဖွင့်ပေးဖို့ တောင်းဆိုတယ်လို့ ကြားသိရတယ်ခင်ဗျ။ ဒီဘက်ကလည်း သူတို့လူ ၈ ယောက်ကို ပြန်လွှတ်ပေးရင် ဖွင့်ပေးမယ်ပေါ့ဗျာ။...(ဒေသခံတဦး)
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည် နယ်ထဲမှာ စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ရှိနေပြီး သူတို့အတွက် လူသားစာနာမှု အကူအညီပေးနိုင်ဖို့လုံခြုံရေးအပါအဝင် အခက်အခဲမျိုးစုံရှိနေတယ်လို့ ကိုယ်တိုင်ကူညီနေသူတွေက ပြောပါတယ်။
ယင်းမာပင်အနီးတဝိုက်မှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ စစ်ကောင်စီဖက်က ပစ်ခတ်တဲ့လက်နက်ကြီးတချို့ အနီးကျေးရွာတွေကို ကျရောက်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရသူကတော့ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတာကို အတည်ပြုပေမယ့်၊ အထိအခိုက်မရှိဘူးလို့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်