ယူကရိန်းနိုင်ငံ အရှေ့ခြမ်း လူဟန့်ခ်ဒေသမှာ ရုရှားတပ်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ ယူကရိန်းအမြောက်တပ်တတပ်ကို ဧပြီလ ၁ဝရက်နေ့က တွေ့ရတာပါ။ အဲဒီ တနင်္ဂနွေနေ့မှာပဲ ယူကရိန်းအရှေ့ခြမ်းမှာရှိတဲ့ ကျောင်းတကျောင်းနဲ့ လူနေတိုက်တာတွေကို လက်နက်ကြီးထိမှန်ခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေကဆိုပါတယ်။
မြန်မာစစ်တပ်ကို ထိရောက်စွာ အရေးယူနိုင်မယ့် မူကြမ်းတရပ်ကို အမေရိကန်အောက်လွှတ်တော် အတည်ပြု၊ ဗဟိုဘဏ်က ချမှတ်လိုက်တဲ့ နိုင်ငံခြားငွေ ထိန်းချုပ်တဲ့ ဥပဒေသစ်ကြောင့် စီးပွါးရေးကမောက်ကမ ဖြစ်လာနိုင်ချေရှိ၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဂျပန်နိုင်ငံမှာ စားပွဲထိုးတာကအစ အစားအသောက်ယူလာတာအထိ စက်ရုပ်တွေကို အသုံးပြုမှု တွင်ကျယ်လာပါတယ်။ အခုလည်း သိပ္ပံပညာရှင်တွေက လက်နှစ်ဖက်နဲ့ ငှက်ပျောသီးအသားကို မထိမိစေဘဲ အခွံခွာပေးတဲ့ စက်ရုပ်ကို တီထွင်လိုက်ပြန်ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော် စစ် ထိုးတာ သီတင်း ၆ ပတ်ပြည့်လာခဲ့ချိန်မှာ ၂ နိုင်ငံ ပျက်ဆီးဆုံးရှုံးမှု ကြီးမားရုံတင်မက ကမ္ဘာကိုပါ အကြီးအကျယ် ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ဒီစစ်ပွဲကြီး ဘယ်လို အဆုံးသတ်နိုင်ပါလဲ ။ ဗွီအိုအေ ပုံပြရုပ်သံမှာ မအေးသန္တာကျော်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်
ယူကရိန်းနိုင်ငံ ရုရှားကျူးကျော်စစ်နဲ့ ရင်ဆိုင်နေရချိန်မှာပဲ ဒေသထဲက နေတိုးအဖွဲ့ဝင် ဘူလ်ဂေးရီးယားနိုင်ငံကို နယ်သာလန်က တိုက်လေယာဉ်တွေ ပို့လိုက်ပါတယ်။ ဒီတိုက်လေယာဉ်တွေက ဘူလ်ဂေးရီးယားမှာ ဝေဟင်ကင်းလှည့်မှုတွေ လုပ်ဖို့ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ မယ်ရီယူးပေါ်မြို့က ဈေးဝယ်စင်တာဟောင်းတခုရှေ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေအတွက် တန်းစီနေတဲ့မြို့ခံတွေကို ဧပြီလ ၅ရက်နေ့က တွေ့ရတာပါ။ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဒီဆိပ်ကမ်းမြို့ဟာ အရင်က လူဦးရေ ၄သိန်းရှိခဲ့ပြီး ရုရှားဘက်က လေယာဉ်ဗုံးဒဏ် ပြင်းပြင်းထန်ထန်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ကေပေါ့ဂီတလောက ကနေ ၃ နှစ်တာ နားနေတဲ့ BigBang အဖွဲ့ရဲ့ တပုဒ်တည်း တေးဓာတ်ပြားသစ် “Still Life” ဖြန့်ချီလိုက်ပြီး တရက်တောင်မပြည့်သေးခင်မှာပဲ YouTube စာမျက်နှာပေါ်မှာ သူတို့ဗွီဒီယိုကို ကြည့်ရှုသူပေါင်း ၁၃ သန်းကျော်သွားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး တက်ဆလာသူဌေး အီလွန်မတ်စ်ခ် တွစ်တာလူမှုကွန်ရက်စာမျက်နှာရဲ့ အစုရှယ်ယာတွေ ဝယ်လိုက်လို့ တွစ်တာရှယ်ယာတန်ဖိုးတွေ တက်သွားပါတယ်။ သူက တွစ်တာရဲ့ အစုရှယ်ယာ အများဆုံးပိုင်ဆိုင်သူ ဖြစ်သွားပြီး သူကိုယ်ပိုင် လူမှုကွန်ရက်တခု လုပ်ချင်တယ်ပြောနေတာကြောင့်လည်း သူဘာလုပ်မလဲ အားလုံး စိတ်ဝင်စားနေကြပါတယ်။
ယူကရိန်းနိုင်ငံ၊ ကီးယက်ဗ်မြို့တော်ဒေသက ဘူချာမြို့မှာ အရပ်သားတွေကို သတ်ဖြတ်ထားတဲ့ပုံတွေကြောင့် နိုင်ငံတကာက ရုရှားကို ထပ်တိုးအရေးယူဖို့ လုပ်ဆောင်နေပြီး ယူကရိန်းသမ္မတကတော့ အခုအခြေအနေမှာ ရုရှားနဲ့ ညှိနှိုင်းဖို့ ပိုခက်ခဲလာတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး ရှန်ဟိုင်းမြို့မှာ ကိုဗစ်ဗီဇပြောင်းမျိုး အိုမီခရွန် ပြန့်ပွားနေတာကို ထိန်းချုပ်ရေးလုပ်ဆောင်ချက် တစိတ်တဒေသအဖြစ် နိုင်ငံတလွှားက စစ်ဘက်ဆိုင်ရာနဲ့ ကျန်းမာရေးဝန်ထမ်း ၄ သောင်း ရှန်ဟိုင်းမြို့ကို ဆိုက်ရောက်လာကြပါတယ်။
ဘရာဇီးလ်နိုင်ငံ ရီယိုဒဂျနဲရိုးပြည်နယ်မှာ အခုသတင်းပတ်တွေအတွင်း ရာသီဥတုက ဆိုးရွားနေပြီး ရေဘေးသင့်၊ မြေပြိုမှုတွေကြောင့် လူ ၂၀၀ကျော်သေဆုံးခဲ့ရပါတယ်။
ရုရှားတပ်တွေလက်အောက် တစ်လဝန်းကျင်လောက် ကျရောက်ခဲ့တဲ့ ယူကရိန်းနိုင်ငံမြောက်ပိုင်းက ဘူချာမြို့ကို ယူကရိန်းတပ်တွေပြန်လည်သိမ်းပိုက်ပြီးချိန်မှာ အရပ်ဝတ်နဲ့သေဆုံးနေတဲ့ ရုပ်အလောင်းတွေ နေရာပေါင်းများစွာမှာ အစုလိုက်အပြုံလိုက်မြှုပ်နှံထားတာတွေ့ရပါတယ်။
ကန်သမ္မတနဲ့ စင်္ကာပူဝန်ကြီးချုပ် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး၊ တရုတ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံကို သွားရောက်၊ တိုင်းရင်းသားဒေသ စစ်ကောင်စီ စစ်ရေးအရှိန်မြှင့်၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ Ramadan ဥပုသ်လ ဧပြီလ ၂ရက်နေ့ စတင်မှာဖြစ်တာကြောင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ လူတွေ စားသောက်ကုန်တွေ စတင်စုဆောင်းနေကြပါပြီ။ နှစ်တိုင်းဒီကာလရောက်တဲ့အခါ နိုင်ငံအတွင်း ကုန်ဈေးနှုန်းတက်လေ့ရှိပြီး ဒီနှစ်မှာတော့ ကမ္ဘာ့လောင်စာဆီဈေးကြောင့်ပါ ဆထက်တပိုး ပိုတက်လို့နေပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒုတိယအကြိမ် အားဖြည့်ကာကွယ်ဆေးနောက်တလုံးကို မတ်လ ၃၀ရက်နေ့က ထိုးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အသက် ၅၀ ကျော်တဲ့သူတွေကို ဒုတိယအားဖြည့်ကာကွယ်ဆေး နောက်တလုံးထပ်ထိုးဖို့ ပြင်ဆင်နေကြပါပြီ။
ရုရှားနိုင်ငံရဲ့ ယူကရိန်းနိုင်ငံ ကျူးကျော်စစ်ပွဲကြောင့် ၂ ဘက် သေကြေပျက်ဆီးမှု ကြီးမားတဲ့အပြင် တကမ္ဘာလုံးရဲ့ စီးပွားရေးကို ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်ပေါ်စေပါတယ်။ ဗွီအိုအေ ပုံပြရုပ်သံအဖြစ် ကိုဝင်းခန့်မောင်နဲ့ မအေးသန္တာကျော် တင်ပြထားပါတယ်။
အဇဖ်ပင်လယ်ကမ်းခြေက မယ်ရီယူးပေါ်မြို့ ရုရှားထိုးစစ်နဲ့ ရင်ဆိုင်နေရပြီး အိုးအိမ်တိုက်တာတွေ မွမွကြေပျက်ဆီးကာ မြို့ခံ ၃ သိန်းဝန်းကျင်လည်း အိုးအိမ်စွန့်ပြေးသွားကြရပါတယ်။
တရုတ်နိုင်ငံမှာ ၂ နှစ်အတွင်း အပြင်မထွက်ရ အကြီးဆုံးကန့်သတ်ပိတ်ပင်မှုအဖြစ် ရှန်ဟိုင်းမြို့ကို ၂ ခြမ်းခွဲပြီး မတ်လ ၂၈ ရက်နေ့က စတင်ပိတ်ထားလိုက်ပါတယ်။ ရှန်ဟိုင်းမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ များလာတာကို ထိန်းချုပ်ဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဗြိတိသျှဘုရင်မကြီး အဲလစ်ဇဘတ်နဲ့ နှစ်ပေါင်း ၇၀ ကျော် ပေါင်းဖက်ခဲ့တဲ့ မင်းသားကြီးဖိလစ် အောက်မေ့ဖွယ်အခမ်းအနားကို သူကွယ်လွန်ပြီး တနှစ်အကြာမှာ လန်ဒန်မြို့တော် ဝက်မင်စတာဘုရားကျောင်းမှာ မတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဌာနက ဖြန့်ဝေခဲ့တဲ့ ဗွီဒီယိုဖိုင်တခုမှာတော့ တချို့ အင်္ဂလိပ်အက္ခရာ "V" အမှတ်အသားပါတဲ့ ရုရှားတင့်ကားတွေကို ဆိပ်ခံဘောတံတားတခုနဲ့ မြေဖို့လမ်းတွေမှာ မောင်းနှင်နေတာတွေ့ရပြီး တည်နေရာကိုတော့ ယူကရိန်းထဲက ကိယက်ဗ်ဒေသလို့ ယူဆရပါတယ်။ ဗွီဒီယိုဖိုင်ထဲ ဒုံးကျည်ပစ်လွှတ်နေတဲ့ ပုံရိပ်တချို့လည်း ပါဝင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်