အာဖဂန်နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း လူသေကြေမှုအများဆုံးငလျင် လှုပ်သွားပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ရှင်သန်ရပ်တည်ရေးလည်း အထူးခက်ခဲနေပါတယ်။ မိသားစုဝင်တွေ ဆုံးရှုံးရတဲ့ သောကအပြင်၊ အသိုက်အမြုံဆုံးရှုံးရချိန်မှာ ကူညီကယ်ဆယ်မှုတွေလည်း သေချာမရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ယူကရိန်းနိုင်ငံ ကာကိဗ်မြို့က လူနေအဆောက်အအုံတခုရဲ့ ခေါင်မိုးမှာ မပေါက်ကွဲသေးတဲ့ ကီလိုဂရမ် ၅၀၀ အလေးချိန်ရှိတဲ့ ဗုံးတလုံးကို ဇွန်လ ၂၃ရက်နေ့က စစ်အင်ဂျင်နီယာတွေ ဖယ်ရှားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံထဲမှာ မောင်းနှင်နေတဲ့ အထူးသံချပ်ကာ ရထားတစင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ AP သတင်းဌာနအနေနဲ့ ဒီဗွီဒီယိုဖိုင် အကြောင်းအရာနဲ့အတူ ရိုက်ကူးတဲ့ ရက်စွဲ၊ နေရာနဲ့ အခြေအနေကိုလည်း သီးခြားအတည်မပြုနိုင်ပါ။
တောတောင်သဘာဝအလှနဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ဂျော်ဂျီယာနိုင်ငံ၊ ဆာလ်ကာဒေသမှာ ဒေါက်တိုင်မဲ့ ဖန်သားတံတားတခု ဖွင့်လှစ်လိုက်ပါတယ်။ ချောက်ကြီး ၂ ဘက်အစွန်းကို ဆက်ထားတဲ့ တံတားအလယ်မှာတော့ မှန်နဲ့ ဆောက်ထားတဲ့ စိန်တုံးပုံ အခန်းပါပြီး အဲဒီကနေ ရှုခင်း ကြည့်ရှုနိုင်ပါတယ်။
⏯အမေရိကန်ထောက်ပံ့ထားတဲ့ M777 ဟောက်ဝတ်ဇာအမြောက်တွေနဲ့ အရှေ့ ဒွန်ဘာ့စ်ဒေသမှာရှိနေတဲ့ ရှေ့တန်းက ရုရှားတပ်တွေကို ယူကရိန်းစစ်သားတွေ ဇွန်လ ၁၈ရက်နေ့က ပစ်ခတ်နေတာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်း ဇက်ပိုရီးရှ်ရှားမြို့က ကားဝပ်ရှော့တခုမှာ ပြိုင်ကားတွေကို တိုက်ပွဲသုံးကားတွေအဖြစ် ပြောင်းလဲတပ်ဆင်နေကြပါတယ်။ စစ်ပွဲကီးမဖြစ်ခင်က ဖိုင်ဘာမှန်နဲ့ ယပ်လှေတွေ၊ နှစ်မွှာရွတ်လှေထုတ်လုပ်တဲ့ လုပ်ငန်းရှင်တဦး ဦးဆောင်ပြီး ဒီကားတွေ ထုတ်လုပ်နေတာပါ။
အာရှဒေသမှာ ဘင်္ဂလားဒေ့ရှ်၊ အန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ ဆိုးရွားတဲ့ ရေဘေးဒဏ်ခံနေရပြီး လူတွေ သန်းနဲ့ချီ ဘေးဒုက္ခတွေ့နေပါတယ်။ စပိန်မှာတော့ နွေဦးရာသီမှာ စံချိန်ချိုးပူပြင်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။
ထိုင်ဝမ်မှာ ဇွန်လ ၂၀ ရက်နေ့က ပြင်းအား ၆ ရှိတဲ့ ငလျင်တခုလှုပ်ခဲ့ပြီး ဒီငလျင်ကို ရေလက်ကြားခြားနေတဲ့ တရုတ်ပြည်မကြီးကပါ ခံစားသိရှိခဲ့ရပါတယ်။ ကျောက်လွှာချပ် ၂ ခုကြား ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိတာမို့ ထိုင်ဝမ်မှာ ငလျင် မကြာခဏ လှုပ်တတ်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေး၊ အိန္ဒိယ၊ အာဆီယံ ဝန်ကြီးများ အစည်းအဝေး မြန်မာစစ်ကောင်စီ မတက်ရ၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
အမေရိကန်မှာ အစိုးရရုံးပိတ်ရက်အဖြစ် နောက်ဆုံးသတ်မှတ်လိုက်တဲ့ ဂျွန်တင့်န်သ် Juneteenth အားလပ်ရက်ကို အာဖရိကနွယ်ဖွားတွေ ဆင်နွှဲခဲ့တာ နှစ် ၁၅၀ ကျော်ပါပြီ။ ဂျူဗလီနေ့၊ ကျွန်စနစ်ဖြတ်သိမ်းတဲ့နေ့လို့လည်းခေါ်တဲ့ ဒီနေ့ဘယ်လိုဖြစ်ပေါ်လာတာပါလဲ။ ပုံပြရုပ်သံနဲ့ မအေးသန္တာကျော်ပြောပြထားပါတယ်။
နက်ဖလစ်မှာ အပေါက်ဆုံး ဆုတွေလည်း တသီကြီးရလို့ အခု နောက်ထပ် ကားတွဲအဆက်ရိုက်ကူးမယ့် စကွိဒ်ဂိမ်းရုပ်သံဇာတ်လမ်းထဲက ကစားနည်းတွေကို အပြင်မှာ တကယ်ယှဉ်ပြိုင်နိုင်တော့မှာပါ။ အဲဒီယှဉ်ပြိုင်မှုကို ရိုက်ကူးထုတ်လွှင့်မယ့် ရီရယ်လတီ ရုပ်သံအစီအစဉ်ကို ထုတ်လုပ်နေပါတယ်။
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံနေရတဲ့ ယူကရိန်းဘက်က အားပေး ထောက်ခံမှုတွေ ပြသတဲ့အနေနဲ့ ပြင်သစ်သမ္မတ အီမယ်နျူရယ်မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်၊ အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီတို့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ကို ဇွန်လ ၁၆ ရက်နေ့မှာ ရောက်လာခဲ့ပါတယ်။
ထိုင်းနဲ့ အမေရိကန်ဟာ အာရှဒေသအတွင်း ပြိုင်ဘက်မရှိတဲ့ မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ လုပ်ဆောင်မှုအဖြစ် ထိုင်းနိုင်ငံကို လာရောက်တာပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လွိုဒ်အော်စတန်က ပြောပါတယ်။
ဖီလစ်ပိုင်နိုင်ငံ ဆော်ဆိုဂွန်ပြည်နယ် ဂျူဘန်မြို့ကို ဇွန်လ ၁၂ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။ တနင်္ဂနွေနေ့က နိုင်ငံအရှေ့ပိုင်း ဘူလူဆန်မီးတောင်ဟာ ၁၈မိနစ်ကြာပေါက်ကွဲခဲ့ပြီး၊ ပေါက်ကွဲမှုအပြီးမှာလည်း ပြာမှုန်တွေဟာ မြို့ပေါင်းများစွာကို ပျံနှံ့ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်သူတချို့ကို သေဒဏ်စီရင်မယ့်ကိစ္စ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ဝေဖန်၊ အိန္ဒိယမှာ ကျင်းပမယ့် အာဆီယံ၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးပွဲ မြန်မာစစ်ကောင်စီဝန်ကြီး မဖိတ်လို့ အိန္ဒိယက ပြော၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
စစ်ကောင်စီက သေဒဏ်ချတဲ့ ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို သူတို့လွှမ်းမိုးမှုမပါတဲ့ တရားရေး စနစ်အောက်မှာ မျှမျှတတ တရားစီရင်ခဲ့တယ်လို့ စစ်ကောင်စီက ပြောပြီး နိုင်ငံသားတိုင်း တရားဥပဒေရဲ့ အကာအကွယ် ညီတူညီမျှရတယ်လို့ ပြောပါတယ်။ ဒါဟုတ်ပါသလား။ VOA ရဲ့ ပိုလီဂရပ်ဖ် အစီအစဉ်မှာ ဆန်းစစ်ထားပါတယ်။
မြန်မာနိုင်ငံတွင်းက ကျောင်းတက်တဲ့ကလေး ၈၀ ရာခိုင်နှုန်းထိ ကျဆင်း၊ နိုင်ငံတွင်း စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေရသူ တသန်းကျော်ထိရောက်၊ အရှေ့တောင်အာရှမှာ မြန်မာဟာ မက်စိတ်ကြွဆေးပြား ထုတ်လုပ်တဲ့ အဓိကနေရာဖြစ်လာ၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
မက္ကဆီကို အနောက်ဘက်ကမ်းရိုးတန်းမှာ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လို့ လူတွေကိုဘေးလွတ်ရာ ရွှေ့ခိုင်းတာ၊ ယာယီခိုလှုံစရာတွေ ပြင်ဆင်ပေးထားခဲ့တာပါ။ အင်္ဂါညမှာ မုန်တိုင်းရပ်သွားခဲ့ပါတယ်။
ဥတုရာသီပြောင်းလဲရေး လူတွေအလေးမထားတဲ့အတွက် ကန့်ကွက်ချင်တဲ့သူတဦး ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က လုဗ်ပြတိုက်မှာ လူအများသတိထားမိမယ့်အရာတခု လုပ်သွားပါတယ်။ ဆံပင်တုစွပ်အမျိုးသားက ကမ္ဘာမြေကို လူတွေဖျက်ဆီးနေတယ်။ ဒီအနုပညာရှင်လို ကမ္ဘာကြီးအတွက် ထည့်စဉ်းစားပါလို့ အော်သွားပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်ထိုးနေတဲ့ ရုရှားတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းမှာ ဖိတိုက်နေပြီး လူဟန့်စ်ခ်ဒေသက ယူကရိန်းတပ်တွေကို ဝိုင်းနိုင်ဖို့၊ မြို့တို့ကို သိမ်းဖို့ လုပ်ဆောင်နေတာပါ။ ဒီအတောအတွင်းမှာပဲ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူတို့တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ပျံသန်းပုံ ဗွီဒီယို ထုတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်