အီဂျစ်နိုင်ငံက ခရစ်ယာန်ဘုရားကျောင်း ၂ ခုမှာ ခရစ်တော် ပြန်လည်ရှင်သန်ထမြောက်တဲ့နေ့ အခမ်းအနား ကျင်းပနေချိန် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကမ္ဘာ့နိုင်ငံတွေက ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် လူ ၄၀ သေဆုံးပြီး ၁၀၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
အခု ဆက်လက်ပြီး တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်း တင်ပြပါလိမ့်မယ်။
Donald Trump အမေရိကန် သမ္မတဖြစ်လာတာ ၁၀ ပတ်သာ ရှိသေးပေမဲ့ လူထု ထောက်ခံမှုကတော့ ထပ်မံ ကျဆင်းလာနေပါတယ်။ The Gallup Poll စစ်တမ်းအရ Trump အပေါ် ထောက်ခံမှုဟာ ၃၅ ရာခိုင်နှုန်းပဲရှိပါတယ်။ Jim Malone ပေးပို့တဲ့သတင်းကို ကိုရန်နိုင်က တင်ပြထားပါတယ်။
ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် သမ္မတလောင်းတွေဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးတွေကို ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေက တရားဝင်စတင်လိုက်ပြီဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ ရန်ကုန်နိုင်ငံတကာလေဆိပ် မှာ လုပ်ကြံခံရမှုမှာ ပူးပေါင်းပါဝင်သူတဦးဖြစ်တယ်လို့ သံသယရှိခံထားရတဲ့ ဦးအောင်ဝင်းဇော် အသက် (၄၆) နှစ်ကို ဖမ်းဆီးထားတယ် လို့ နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ပြော ပါတယ်။
အခု တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က တင်ပြပါထားပါတယ်။
အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲဟာ သမိုင်းအစဉ်အလာအရ ငြိမ်းချမ်းစွာ အာဏာလွဲှပြောင်းခြင်းရဲ့ အမှတ်သင်္ကေတဖြစ်သလို၊ နိုင်ငံရေးအပြောင်းအလဲအဖြစ် ထင်ဟပ်ပြသ နေပါတယ်။ အမေရိကန် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအကြောင်း Jim Malone သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
အခု တပတ်အတွင်း အားကစား သတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပါလိမ့်မယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ပြဿနာတွေအပါအဝင် ၂ နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အတွက် မြန်မာအစိုးရရဲ့ အထူးသံကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရှေ့သီတင်းပတ်မှာ သွားရောက်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်ရွေးကောက်ခံသမ္မတ Trump အဆိုပြုတဲ့ အစိုးရဝန်ကြီးအဖွဲ့ထဲမှာ ဗိုလ်ချုပ်တွေ၊ ဘီလျံနာသူဌေး၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အများအပြား ပါ ပါတယ်။ Trump ရဲ့ အစိုးရသစ် ဖွဲ့စည်းမှုကို လွှတ်တော်နဲ့ လွှတ်တော်ပြင်ပက အထူး သတိထား စောင့်ကြည့်နေတဲ့အကြောင်း Michael Bowman သတင်းလွှာကို ကိုရန်နိုင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ အစိုးရတပ်တွေ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ၂ ဘက်တပ်တွေအနေနဲ့ အရပ်သားတွေကို ထိခိုက်မှုမရှိအောင် အကာအကွယ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေအတွင်း မြန်မာနိုင်ငံကလို့ဆိုတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့်ရှ်နိုင်ငံက တက်နတ်ဖ်မြို့ကို ထွက်ပြေးခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Steve Sandford သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။
ဗုံးရှာဖွေရေးအဖွဲ့တွေအပါအဝင် ၊ လုံခြုံရေးတပ်ဖွဲ့တွေက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝင်းအတွင်းမှာ ရှာဖွေရေးတွေလုပ်နေဆဲဖြစ်ပြီး၊ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့မသိရသေးပါဘူး။
ရိုးရာအရ ကောက်ရိပ်သိမ်းချိန်ကို အထိမ်းအမှတ်ပြုရင်း စခဲ့တဲ့ ကျေးဇူးတော်နေ့မှာ အမေရိကန်မိသားစုတွေ အတူတူဆုံကြရင်း ကြက်ဆင်သားနဲ့ အစားအသောက်တွေ စားကြသလို၊ ကျေးဇူးတော်နေ့ အထိမ်းအမှတ် အလှပြ စီတန်းလှည့်လည်တာတွေကိုလည်း အတူတူ ကြည့်ကြပါတယ်။ Mariama Diallo ရဲ့သတင်းပေးပို့ချက်ကို ကိုရန်နိုင်က တင်ပြထားပါတယ်။
အမေရိကန်တဝှမ်း ကျေးဇူးတော်နေ့အခါသမယ မိသားစု ညစာစားပွဲတွေမှာ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ အကြောင်းအရာတွေကို ပြောဆိုနိုင်ပါတယ်။ အထူးသဖြင့် လူနည်းစု လူမျိုးစုတွေအတွင်း နိုင်ငံရေးအရ ကွဲလွဲမှုတွေ ရှိခဲ့တာကြောင့်ပါ။ Elizabeth Chefneff ရဲ့ သတင်းလွှာကို ကိုရန်နိုင်က တင်ပြထားပါတယ်။
ဒီသီတင်းပတ်ရဲ့ တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က တင်ပြပါလိမ့်မယ်။
ဆီးရီးယားနိုင်ငံ Aleppo မြို့မှာ ရုရှားနဲ့ ဆီးရီးယားအစိုးရက လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည် စတင်နေတာနဲ့အမျှ ဆီးရီးယားသူပုန်တွေဟာ Trump အမေရိကန် သမ္မတတာဝန် စယူတဲ့အခါ သူတို့အပေါ် အမေရိကန်ရဲ့အထောက်အပံ့တွေ ဆုံးရှုံးသွားမလား စိုးရိမ်နေကြပါတယ်။ Henry Ridgwell ပေးပို့တဲ့သတင်းကို ကိုရန်နိုင်က တင်ပြထားပါတယ်။
အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ရွေးချယ်နေတဲ့ ရွေးကောက်ခံသမ္မတ Donald Trump က သူ့ရဲ့ အသွင်ကူးပြောင်းရေး အဖွဲ့ထဲမှာ အကွဲအပြဲတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုပြီး သိပ်ကို အစီအစဉ်တကျ ဆောင်ရွက်နေတဲ့အကြောင်း တွီတာ လူမှုကွန်ယက်ကနေ ကြေညာပါတယ်။ Zlatical Hoke သတင်းလွှာကို ကိုရန်နိုင် တင်ပြထားပါတယ်။
တပတ်အတွင်း အားကစား သတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် Trump ဟာ အမေရိကန်လွှတ်တော်ကို ရွေးကောက်ခံ သမ္မတတယောက်အနေနဲ့ ကြာသပတေးနေ့က ပထမဆုံးအကြိမ် သွားခဲ့ပါတယ်။ သူ့အစိုးရ အစောပိုင်းရက်တွေအတွင်း အောင်မြင်အောင်ဆောင်ရွက်ဖို့ ဥပဒေပြုရေးကိစ္စတွေ အများအပြား ရှိနေတဲ့အကြောင်း Michael Bowman ရဲ့ သတင်းကို ကိုရန်နိုင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်