မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ နဲ့ ပတ်သက်လို့ ဒီကနေ့ ညနေ နေပြည်တော်မှာ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် Falls Church က ကြက်တူရွေးသီးသန့်အရောင်းဆိုင်မှာ ဈေးကြီးပြီး ရှားပါးတဲ့ ကြက်တူရွေး အရွယ်စုံ အရောင်စုံအပြင် သူတို့ကိုပြုစုစောင့်ရှောက်ဖို့လိုအပ်တဲ့ပစ္စည်းမျိုးစုံကိုလည်း တွေ့ရမှာပါ။ ဒီကြက်တူရွေးအရောင်းဆိုင် အကြောင်း မမြသဇင်အောင်က ပြောပြပါမယ်။
ရုရှားအပေါ် အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှုသစ် ဥပဒေမဲ့ လုပ်ရပ်အဖြစ် ရုရှား ပြစ်တင်၊ ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတွေသေဆုံးရတဲ့ကိစ္စ စုံစမ်းစစ်ဆေးဖို့ ကုလ တောင်းဆို၊ အာဖဂနစ္စတန်နိုင်ငံ Ghazni မြို့မှာ တာလီဘန်တွေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲပြင်းထန် စသဖြင့်...
အာဖဂန်နစ္စတန်နိုင်ငံ Bamyan ပြည်နယ်မှာ ပထမဆုံးအနေနဲ့ အမျိုးသမီး ၁၅ ယောက်ကို မိုင်းဗုံးဖယ်ရှားရှင်းလင်းရေးအတွက် သင်တန်းပေးခဲ့ပြီး ပေါက်ကွဲစေတတ်တဲ့ လက်နက်ခဲယမ်းတွေနဲ့ မိုင်းဗုံးရှင်းလင်းရေး နည်းစနစ်တွေကို သင်ကြားပေးခဲ့ပါတယ်။ VOA သတင်းထောက် Zafar Bamyani ရဲ့ သတင်းလွှာကို မမြသဇင်အောင်က ပြောပြပေးပါမယ်။
၂၀၁၆ သမ္မတရွေးကောက်ပွဲတွင်း Facebook သုံးသူတွေရဲ့ အချက်အလက်တွေသုံးပြီး ကြားဝင်နှောက်ယှက်မှှုရှိခဲ့တယ်လို့ တိုင်ကြားချက်တွေကြောင့် ဥပဒေပညာရှင်တွေက အပြင်းအထန် ဝေဖန်ကြပါတယ်။ ကယ်လီဖိုးနီးရား ပြည်နယ်မှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေးအကြောင်း Michelle Quinn သတင်းပေးပို့ထားတာကို မမြသဇင်အောင်ကပြောပြပါမယ်၊၊
အားလုံးကိုတောင်းပန်ပါတယ်၊၊ ကျွန်တော့မိတ်ဆွေသူငယ်ချင်းတွေရဲ့ ဈာပနတွေကို သွားဖူးတာမို့ ဘယ်လိုခံစားကြရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊၊ ဒီလိုလုပ်ရတာ စိတ်မကောင်းပါဘူး၊၊ တခြားရွေးချယ်စရာမရှိလို့ပါ၊၊
တရုတ်နိုင်ငံ Guangzhou မြို့က အမေရိကန်အစိုးရ ဝန်ထမ်းတဦးဟာ မသဲမကွဲ ခပ်တိုးတိုးနဲ့ ပုံမှန်မဟုတ်တဲ့ အသံတွေ ကြားရ တာကြောင့် ဖိစီးမှှုတွေနဲ့ အခြားရောဂါလက္ခဏာတွေ ခံစားခဲ့ရကြောင်း မကြာသေးခင်က သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ၊ တရုတ်နိုင်ငံမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ ကျန်းမာရေးအတွက် သတိထားကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီနေ့ပဲ နှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကိုးကွယ်ရာ ဘာသာမတူသူချင်း တရားဝင်လက်ထပ်ထိမ်းမြားနိုင်ပေမဲ့ ထုံးတမ်းစဉ်လာအရတော့ လက်မခံလိုကြပါဘူး၊၊ လူမှုပြသနာတွေရှိတဲ့ ကြားကပဲ အချို့ဘာသာရေးခေါင်းဆောင်တွေကတော့ ဘာသာမတူလက်ထပ်ထိမ်းမြား လိုသူတွေကို အကူအညီပေးဖို့ ရည်ရွယ်လုပ်ဆောင်လာတာတွေလည်း ရှိပါတယ်၊၊
တောင်အာဖရိက ရဲ့ မိခင်ကြီးလို့ တင်စားခဲ့ကြတဲ့ အသက် ၈၁ နှစ်အရွယ်ရှိ Winnie Mandela ဧပြီ ၂ ရက်နေ့ က ကွယ်လွန်ခဲ့တာဟာ အသားအရောင်ခွဲခြားမှုပပျောက်ပြီး တန်းတူအခွင့်အရေး ရဖို့ ကာလရှည် ကြိုးပမ်းခဲ့ ရတဲ့ အခက်အခဲတွေကို ပြန်လည် အမှတ်ရစေပါတယ်၊၊
တနေ့ထဲမှာ၊ တနေရာထဲမှာ၊ တယောက်ထဲရဲ့တခုတည်းသောဟောပြောချက်အပေါ်မှာ မူတည်ပြီးတော့ အမှုသုံးမှုခွဲပြီးတော့ စွဲထားတယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူးဆိုတဲ့ အချက်ကို ကျမတို့ ထုချေတာတွေရှိတယ်။ ဥပဒေပိုင်းဆိုင်ရာ ထုချေရှင်းလင်းချက်က ဒါပဲ။