COVID-19 ကပ်ရောဂါကြောင့် မတ်လကတည်းက ကျောင်းတွေပိတ်ထားရတဲ့ ဂါဇာ ကမ်းမြှောင်ဒေသမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေး တဦးက အိမ်နီးချင်း ကလေးငယ်တွေကို စာသင်ပေးနေတဲ့ အကြောင်း ရိုက်တာသတင်းတပုဒ်ကို အခြေခံပြောပြပေးပါမယ်။ ကျွန်မ မြသဇင်အောင်ပါ။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဖို့ ငှက်ဖျားရောဂါ ကုသဆေးတမျိုးကို သောက်သုံးနေတာနဲ့ ပတ်သက်လို့ သမ္မတ Trump က သူ့ယုံကြည်ချက်ကို ရပ်တည်ပြောဆိုလိုက်သလို တဘက်မှာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကို ရံပုံငွေအပြီးတိုင် ဖြတ်တောက်မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။
လူတွေတယောက်နဲ့ တယောက်ခပ်ခွါခွါနေရမယ်ဆိုတဲ့ စည်းကမ်းချက်တွေကြောင့် တချို့အလုပ်တွေမှာ လူတွေအစား စက်ရုပ်တွေနဲ့ အစားထိုးသုံးစွဲဖို့ စဉ်းစားလာကြတဲ့ အကြောင်း Mariama Diallo ရဲ့ သတင်းလွှာကို ပြောပြပါမယ်။ ကျမက မြသဇင်အောင်ပါ။
COVID-19 ကပ်ရောဂါကာလ အိမ်ကနေအလုပ်လုပ်နေရသူတွေရှိသလို လုပ်ငန်းသဘောအရ မဖြစ်မနေ အလုပ်ထွက်လုပ်နေကြရတဲ့ သူတွေလည်းရှိပါတယ်။ ဒီအကြောင်း Daria Dieguts ရဲ့သတင်းလွှာကို မမြသဇင်အောင် ပြောပြပေးပါမယ်။
အမေရိကန် စီးပွားရေးကို ပြန်ဖွင့်နိုင်ဖို့အရေး အမေရိကန် လွှတ်တော် အမတ်တွေ လူထု ကျန်းမာရေး ပညာရှင်တွေရဲ့ အကြံဉာဏ် တွေကို ရယူ ဆွေးနွေးနေကြပါတယ်။ အိမ်ပြင်မထွက်ရ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနေချိန်မှာပဲ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ တိုင်းပြည်မှာ အရင်း အမြစ်တွေ လုံလုံလောက်လောက် ရှိမရှိကို သိချင်နေကြတာပါ။
COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ အမေရိကန်နဲ့ ဂျာမနီနိုင်ငံက ဆေးကုမ္မဏီ ၂ ခုဘယ်လို လက်တွဲဆောင်ရွက် နေကြပါသလဲ။ VOA သတင်းထောက် Carolyn Presutti ပေးပို့တဲ့ သတင်းကို ပြောပြပေးပါမယ်။ ကျွန်မမြသဇင်အောင်ပါရှင်။
COVID-19 ရောဂါ ကာကွယ်ဆေးကိုလူတွေနဲ့ စတင်စမ်းသပ်နေပြီး မကြာခင်မှာ ကာကွယ်ဆေးထုတ်လုပ်နိုင်မယ်လို့ Oxford တက္ကသိုလ်က သိပ္ပံပညာ ရှင်တွေက ပြောပါတယ်။ ဒီစမ်းသပ်မှုနဲ့ COVID-19 ရောဂါ ရဲ့ ရေရှည်ရိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး VOA အမေရိကန်အသံက နိုင်ငံတကာကျန်းမာရေးပညာရှင်တွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခုကျင်းပခဲ့ပါတယ်
တောရိုင်းတိရိစ္ဆာန်တွေကို စားသောက်တဲ့အလေ့အထနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆက်စပ်နေကြောင်း တွေ့ရှိပြီးတဲ့နောက် အာရှမှာ ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ အသီးအရွက်ကို အခြေခံတဲ့ စားသောက်ကုန် တွေကိုလိုအပ်ချက်မြင့်မားလာတာတွေ့ရှိရတဲ့ အကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ပြောပြပေးပါမယ်။
COVID-19 ရောဂါပိုး ခွေးတွေရဲ့ အကူအညီနဲ့ အနံ့ခံဖော်ထုတ်နိုင်သလားဆိုတာ ဗြိတိသျှ ပရဟိတအဖွဲ့ တဖွဲ့က သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းလေ့လာနေတဲ့ အကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး ပြောပြချင်ပါတယ်။ ကျွန်မ မြသဇင်အောင်ပါ။
အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ရဖို့ ပြည်ဝင်ခွင့် လျှောက်ထားတဲ့သူတွေအတွက် ဆောင်ရွက်ပေးနေတဲ့ လူဝင်မှုဆိုင်ရာ လုပ်ငန်း ကိစ္စတွေကို ရက်ပေါင်း ၆၀ ရပ်ဆိုင်းထားဖို့ သမ္မတ ထရမ့် အစိုးရက အမိန့်ပေးလိုက်တဲ့ အကြောင်း VOA သတင်း ထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ပြောပြပါမယ်။
အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် ပြည်ဝင်ခွင့် လျှောက်ထားတဲ့သူတွေအတွက် ဆောင်ရွက်ပေးနေတဲ့ လူဝင်မှုဆိုင်ရာ လုပ်ငန်းကိစ္စတွေကိုရက်ပေါင်း ၆၀ ရပ်ဆိုင်းထားဖို့ သမ္မတ ထရမ့် အစိုးရက အမိန့်ပေးလိုက်ပါတယ်။
တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပျံ့ပွါးမှု အရှိန်နှေးလာတာနဲ့အတူ တားမြစ်ချက်တချို့ လျှော့ပေးလိုက်တဲ့ အကြောင်း ရိုက်တာသတင်းတပုဒ်ကို အခြေခံပြောပြပေးပါမယ်။ ကျွန်မ မြသဇင်အောင်ပါ။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ရှိနေသူ Joe Biden အတွက် သူနဲ့အတူ ၂၀၂၀ ပြည့်နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲဝင်မယ့် ဒုတိယသမ္မတလောင်း ရွေးချယ်ရတာဟာ အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆိုက်နေချိန်မှာ သာမန်အချိန်တွေထက် ပိုပြီး အရေးကြီးလာပါတယ်။
အခုဆက်ပြီး ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက် ရှိနေသူ Joe Biden အနေနဲ့ သူနဲ့တွဲပြီး ရွေးကောက်ပွဲဝင်မယ့် ဒုသမ္မတလောင်းအဖြစ် ဘယ်သူ့ကိုရွေးချယ်နိုင်သလဲ ဆိုတဲ့ အကြောင်းကို မမြသဇင်အောင် တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အိမ်ထဲမှာပဲနေကြသူတွေအတွက် ငရုပ်သီးမှုန့်က အစ၊ အသီးအရွက်၊ အသားငါး အစုံပါတဲ့ ဈေးကားတွေဟာ အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးနေတဲ့ အကြောင်း ရိုက်တာသတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကျရောက်နေတဲ့အတွက် မတ်လအတွင်းက ထိုင်းနိုင်ငံမှာ အရေးပေါ် အခြေအနေကြေညာလိုက်တာကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း Kanchanaburi ခရိုင် Taweechai ဆင်စခန်းကိုလာရောက်လည်ပတ်တဲ့ ခရီးသွားတွေနည်းလာတာနဲ့ အတူဆင်တွေအစာရေစာခက်ခဲလာတဲ့ အကြောင်း ရိုက်တာ သတင်းတပုဒ်ကို အခြေခံပြီး ပြောပြပေးပါမယ်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က တရုတ်နိုင်ငံ ဘက်က ဘက်လိုက်ရပ်တည်နေတယ်လို့ သမ္မတ ထရမ့်က စွပ်စွဲပြီး ရံပုံငွေတွေကို ဖြတ်တောက်မယ်လို့ ပြောတဲ့ အပေါ် တုံ့ပြန်တဲ့အနေနဲ့ WHO အကြီးအကဲက COVID-19 ကပ်ရောဂါကို တိုက်ဖျက်ဖို့ တကမ္ဘာလုံး ညီညွတ်ကြဖို့လိုပါတယ်လို့ ပြောဆိုပါတယ်။ ဒီအကြောင်းမမြသဇင်အောင်က ပြောပြပေးပါမယ်
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတဲ့အချိန်မှာ ကမ္ဘာတဝှမ်း မိဘတွေဟာ အလုပ်တဘက်၊ သား၊သမီးတွေကို အိမ်မှာစာသင်ဖို့တဘက်နဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်နေကြသလဲဆိုတာ VOA သတင်းထောက် Elizabeth Lee ပေးပို့ထားတဲ့ သတင်းကို ပြောပြပေးပါမယ်။
အခုလို နိုင်ငံအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ အချိန်မှာ ဂျာမဏီနိုင်ငံ Hamburg မြို့က အားကစားနည်းပြလူငယ်တဦးက အိမ်ထဲမှာနေနေကြတဲ့ အိမ်နီးချင်းတွေကို သူနဲ့အတူ ကိုယ်လက်လေ့ကျင့်ခန်း လိုက်လုပ်ကြဖို့ ဘယ်လို နှိုးဆော် နေသလဲဆိုတာ Reuters သတင်းတပုဒ်ကို အခြေခံပြီး ပြောပြပေးချင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့မှု ဆိုးဆိုးဝါဝါးရင်ဆိုင်နေရတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စီးပွါးရေးလုပ်ငန်းတချို့ကို ပိတ်ထားပြီး မလိုအပ်ပဲ စုဝေးတာမျိုး မလုပ်ကြဖို့ တားမြစ်ထားပါတယ်။ လူအများနဲ့ မရောနှောပဲ သီးသီးသန့်သန့်နေတာကသာ ရောဂါပိုးကူးစက်မှုကို အထိရောက်ဆုံး ဟန့်တားနိုင်တဲ့ နည်းဖြစ်ပါတယ်
နောက်ထပ်ကြည့်ရှုရန်