ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ငလျင်ငယ်တွေ ဆက်လှုပ်နေလို့ ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အဦးတွေရဲ့ ကြံခိုင်မှုကို သေချာစစ်ဆေးမှု မလုပ်ဘဲ ဆက်လက် မနေထိုင်ဖို့အတွက် မိုးဇလဌာန ငလျင်ဌာနခွဲက သတိပေးနေပါတယ်။
ှSSAနဲ့ အစိုးရကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ဒေသတွင်း လုံခြုံရေးနဲ့ပတ်သက်ပြီး သဘောတူညီချက်မရတာကြောင့် ဆွေးနွေးပွဲဟာ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားနဲ့ မြောက်ဦးက စခဲ့တဲ့ အကြမ်းဘက်မှုတွေဟာ ကျောက်ဖြူနဲ့မြေပုံမြို့တွေအထိ ကူးစက်သွားခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင် မငြိမ်မသက်မှုတွေကို စစ်တပ်က ဝင်ရောက်ထိန်းသိမ်းပေးခဲ့တဲ့အတွက် အခြေအနေ ပြန်လည်ငြိမ်သက်နေပါပြီ။
ရခိုင်ပြည်နယ် မင်းပြားနဲ့မြောက်ဦး မှာ ရခိုင်တွေ နဲ့ ဘင်္ဂလီတွေကြား အိမ်တွေမီးရှို့ပြီး တုတ်၊ ဓါးလက်နက်တွေကိုင်ဆောင်ထားတဲ့ အုပ်စုလိုက် တိုက်ခိုက်မှုတွေ မနေ့ညပိုင်းနဲ့ ဒီနေ့ မနက်မှာ ပြန်စတင်ဖြစ်ပွားနေပါတယ်။
ကွယ်လွန်သူဗိုလ်မှုးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိပေါင်းချုပ် ဖြစ်တဲ့ "ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့" ဆိုတဲ့ စာအုပ်ကို မြန်မာပြည်တွင်းမှာ ထုတ်ဝေမှာဖြစ်ပါတယ်။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဟာ အသက် (၉၃) နှစ်အရွယ်မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါပြီ။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်၂ဦးကို ရာထူးက ဖယ်ရှားလိုက် ကြောင်း ဒီရက်ပိုင်းအတွင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပင်လုံလို ညီလာခံတရပ် ကျင်းပပြီး ဆွေးနွေးအဖြေရှာဖို့ တိုင်းရင်းသားလူမျိုးများ ညီလာခံက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေတာဟာလည်း အခုချိန်ထိ အောင်မြင်မှုမရသေးဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေကြပါတယ်။
ရှမ်းနီအမျိုးသားပါတီက ကချင်မှာငြိမ်းချမ်းရေး ရရှိဖို့ ဆွေးနွေးရာမှာ ပြည်သူတွေပါ ပါဝင်ခွင့်ပြုဖို့ တောင်းလိုက်ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲဟာ ABSDF ဗဟို ဥက္ကဌတွေဖြစ်တဲ့ ဒေါက်တာနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ မြန်မာပြည်ကို ခေတ္တပြန်လာချိန်နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။
ကချင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ကျောက်တွင်းအလုပ်သမားတွေ ဖားကန့်မြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။
အပစ်အခတ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက တပ်စခန်းကို အစိုးရတပ်တွေက ထပ်ရုပ်ခိုင်းတဲ့အတွက် နှစ်ဘက် စစ်ရေးတင်းမာမူရှိနေ။
တရုတ်နိုင်ငံအတွင်းခိုလှုံနေသူ ကချင် စစ်ပြေးဒုက္ခသည်တွေ ပြောင်းရွှေ့ပေးဖို့ KIO အဖွဲ့ကို တရုတ်အစိုးရက တိုက်တွန်းနေပါတယ်။
မြန်မာ အစိုးရနဲ့ KIO အကြား တနှစ်ကျော်ကြာ ဖြစ်ပွားတဲ့ စစ်ပွဲကြောင့် သောင်းချီတဲ့ ကချင်ဒုက္ခသည်တွေဟာ တရုတ်မြန်မာ နယ်စပ်နဲ့ မြန်မာပြည်က မြို့ကြီးတွေမှာ ခိုလှုံနေကြရပါတယ်။
ယမန်နှစ်က မိုးနည်းမှု၊ မိုးတွင်း ဆက်သွယ်ရေးခက်ခဲမှုနဲ့ ဖုန်အင်ခတံတား မိုင်းခွဲဖျက်ဆီးခံရမှုတွေကြောင့် ပူတာအိုပြည်သူတွေ ဆန်ပြတ်နေပါတယ်။
ဗန်းမော်-ကသာပြေးဆွဲတဲ့ ရှပ်ပြေးရေယာဉ် တိမ်းမှောက်ခဲ့တာမှာ ၇၀ ကျော် ကယ်တင်နိုင်ခဲ့ပြီး ၃၀ လောက် ပျောက်ဆုံးနေဆဲ၊ အလောင်းတလောင်းတွေ့ထားပြီးပါပြီ။
ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့နားမှာ မူးယစ်မှောင်ခိုသမား ၈ ယောက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က အသေဖမ်းဆီးခဲ့ပါတယ်။
ရခိုင်က အဓိကရုဏ်းတွေကို တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့နဲ့ လူထုကိုလည်း တရားဥပဒေနဲ့အညီ နေထိုင်ကြဖို့ အစိုးရကြေညာချက်ထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်